ဆိုး- အပိုင်း(၄)

2K 150 2
                                    

Unicode

ဒီနေ့ အစည်းအဝေးသို့ ဖေဖေ့ရဲ့ မိတ်ဆွေ ဦးခင်မောင်
တက်ရောက်သည်။ ဦးခင်မောင်သည် ကျွန်မတို့company ၏ ဒုတိယ ရှယ်ယာအများဆုံးပိုင်ဆိုင်ထားသော ရှယ်ယာရှင်တစ်ဦး ဖြစ်သည်။ ဖေဖေနှင့် ဦးခင်မောင်တို့သည် အလွန်ရင်းနီးကြပြီး စီးပွားဖက်ကောင်းများဖြစ်ကြသည်။ တစ်ဦးနှင့်တစ်ဦး လည်း လိုအပ်သည်များကို အပြန်အလှန် အကူညီပေးလေ့ရှိကြသည်။

"Grace. .. သမီးအဖေ သောင်းနိုင်က ပြောတယ်.... နောက်တစ်လကျော်လောက်ကျရင် သမီးရဲ့မွေးနေ့ပွဲရှိတယ်ဆိုတာ...သူလည်း ရန်ကုန်ကိုပြန်လာမယ်ပြောနေတယ်''

"ဟုတ်လား အန်ကယ်... သမီးကိုတော့ ပြန်လာမယ်မပြောထားဘူး''

"ဒါဆို သမီးကို surpriseလုပ်မလို့ထင်တယ်နော်''

"Graceလည်း ဖေဖေတို့နဲ့တောင်မတွေ့ရတာတော်တော်ကြာခဲ့ပါပြီ''

"အန်ကယ်လည်း အန်ကယ့်သားနဲ့မိတ်ဆက်ပေးချင်နေတာ သားကိုပါခေါ်ပြီး သမီးမွေးနေ့ကိုလာခဲ့မယ်လေ''

"အော်ဟုတ်ကဲ့ အန်ကယ်... Graceလည်း မွေးနေ့မလုပ်ဖြစ်တာကြာပြီ...ဖေဖေတို့ပြန်လာမှာဆိုတော့ အန်ကယ်တို့လည်း စကားစမြည်ပြောလို့ရတာပေါ့''

"အန်ကယ့်သားရော သမီးရော ရန်ကုန်ပြန်ရောက်တာ လပိုင်းပဲရှိဦးမယ်...သမီးတို့ကို လူငယ်ချင်းရင်းနီးစေချင်တယ်''

ဦးခင်မောင်တစ်ယောက် ကျွန်မကို ချွေးမတော်ရန် မျက်စိကျနေပုံရသည်။

"ဟုတ်ကဲ့ အန်ကယ်''

"နောက်ပြီး အန်ကယ် အကူညီတောင်းချင်တာလေးရှိတယ် သမီး''

"ဟုတ်ကဲ့ ပြောပါအန်ကယ် သမီးဘာကူညီပေးရမလဲ''

"အန်ကယ့်သမီးအငယ်လေးလေ တော်တော်ဆိုးတာ...
ကျောင်းစာလည်း သေချာမလုပ်ဘူး...ဒါကြောင့်သမီးရဲ့ လက်အောက်မှာ အလုပ်လုပ်စေချင်တာ...ပညာရေးကလည်း သူက သိပ်မကြိုးစားတော့လေ အန်ကယ်တော့ သူ့ကိုဒီက မော်ဒယ်တစ်ယောက်အနေနဲ့ ဖြစ်ဖြစ် လုပ်စေချင်တယ်''

"ဟုတ်ကဲ့ အန်ကယ်... ဒါကတော့ Graceတို့ companyရဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမယ်ဆိုရင် အန်ကယ် တောင်းတဲ့ အကူညီကို Graceတို့ဘက်က လက်ခံပေးမှာပါ''

ဆိုး  (GL 🌈) Where stories live. Discover now