ဆိုး-အပိုင်း (၁၂)

1.7K 124 2
                                    

"အားယို....ခေါင်းကိုက်လိုက်တာ''

"ကိုက်မှာပေါ့ ဒီလောက်သောက်လာတာ''

"မေမေ...ညကသမီးကိုဘယ်သူလာပို့တာလဲ''

"Graceလာပို့တာ...သမီးက ဖုန်းဆက်ပြီးသူ့ကိုလာခေါ်ခိုင်းလို့တဲ့....သမီးကလည်း လာ​ကြိုခိုင်းတာပဲ ကိုကို့ ကိုခေါ်ပေါ့... သူများကို အားနာစရာကြီး''

"သမီး မမှတ်မိတော့ဘူး''

ကျွန်မအရက်မူးနေတုန်းဆို ဘာလုပ်မိမှန်းမသိသလို ဘာဖြစ်ခဲ့တယ်ဆိုတာကိုလည်း မမှတ်မိပါ။ အမူးပြေသွားလျှင် မူးနေတုန်းက မှတ်ညဏ်တွေက ကြက်ပျောက်ငှက်ပျောက်ပါပဲ....

"အေး အဲ့လိုမေ့တတ်ရင်မသောက်ပါနဲ့လား မိန်းကလေးတစ်ယောက်တည်း သွားသောက်တာ အန္တရာယ်များရများနဲ့အေ''

"သမီး အမြဲသောက်နေတာမှမဟုတ်တာ မေမေရယ်''

"ရော့ ခေါင်းကိုက်ပျောက်အောင် စွတ်ပြုတ်နဲ့ ပျားသံပုရာရည် လာပို့တာ''

"အင်း သောက်လိုက်မယ် မေမေ''

(ဒုက္ခပါပဲ...ငါဘာတွေပေါက်ကရလုပ်မိပြီလဲမသိဘူး)

မမကိုဖုန်းဆက်ကြည့်ရမည်။ မနေ့က ဘာတွေဖြစ်ခဲ့လဲမေးဖို့လိုသည်။

"ဟယ်လို..''

"ဟယ်လို..မမ''

"အင်း ပြော''

"မနေ့ကလေ...မမက ဆိုးကို အိမ်ပြန်ခေါ်လာတာဆို''

"အင်း ဆိုးက ဖုန်းဆက်ပြီး လာခေါ်ခိုင်းလို့''

"ဘယ်အချိန်လောက်လဲဟင်''

"ည ၁၂နာရီလောက်''

"မမ ဆောရီးပါနော် ဆိုးက မူးနေရင် ဘာလုပ်မိမှန်းမသိဘူး...ဘာမှလည်းမမှတ်မိတော့လို့...ဆိုးတစ်ခုခု အမှားလုပ်မိသေးလားဟင်''

"အော်....''

"ဘာ အော် လဲမမ...''

"ဘာမှမဟုတ်ပါဘူး...ဘာမှလည်း အမှားမလုပ်ထားပါဘူး....ဆိုးက မူးပြီး အမ ကားပေါ်မှာ အိပ်ပျော်သွားတယ်''

"အော်... ဘာတွေပြောမိသေးလဲ...မမကို တစ်ခုခုပြောမိသေးလား''

"ဆိုးက မမကို ကတိတစ်ခုတောင်းတယ်...''

ဆိုး  (GL 🌈) Where stories live. Discover now