ဆိုး- အပိုင်း (၇)

1.8K 129 0
                                    

Unicode

"သား ဟင်းတွေထည့်စားနော် အားမနာနဲ့''

" အန်တီ့လက်ရာကကောင်းလိုက်တာဗျာ...ကျွန်တော်ဆို မြန်မာဟင်းတွေကို လွမ်းနေရတာ...ဟိုမှာက မြန်မာအစားအစာရောင်းတဲ့ဆိုင်ကောင်းကောင်းကလည်း မရှိတော့ အိမ်ဟင်းအိမ်ထမင်းနဲ့ဝေးနေတာ''

"ဒါဆိုဒီနေ့အဝသာစားပေတော့... မင်းကိုပိုင်ဆို ငယ်ငယ်တည်းက အိမ်မှာထမင်းအမြဲလာစားနေကြလေ
အန်တီ့လက်ရာကိုကြိုက်လို့တဲ့''

" Graceနဲ့သားက တော်တော်ရင်းနီးကြပုံပဲနော်''

"ဟုတ်တယ် ကိုခင်မောင်ရေ သူတို့က အမြဲ တပူးတွဲတွဲနဲ့ ငယ်ပေါင်းတွေဆိုတော့ ခွဲထားလို့ကိုမရတာ...တချို့ဆို သူတို့ကိုစုံတွဲလို့တောင်ထင်ကြတယ်''

ကျွန်မနဲ့ ဆိုး(Rose) ထမင်းစားခန်းသို့ရောက်သောအခါ မေမေတို့နှင့် ဦးခင်မောင်တို့ စကားလက်စုံကျနေကြသည်။

"အမေတို့ဘာတွေပြောနေကြတာတုန်း''

"သမီးနဲ့ ပိုင်တို့ ဘယ်လောက်ခင်ကြလဲဆိုတာကိုပြောပြနေတာပါ''

"ကိုကို က မမ Graceနဲ့ ဟိုအကို့ကို သဝန်တိုနေလို့လား''

" Rose လူကြီးတွေရှေ့မှာ ငါ့ကို လိုက်နောက်မနေနဲ့
မြန်မြန်လာထိုင်''

"ကျွန်တော့်နဲ့Graceကိုတော့ တစ်မျိုးမထင်ပါနဲ့ဗျာ...သူ့ကိုတော့လုံးဝစိတ်မဝင်စားတာပါ''

"ဟားဟား တော်သေးတာပေါ့..အန်ကယ်က Graceရဲ့ကောင်လေးများလားဆို​ပြီး ထင်နေတာ...အခုတော့ စိတ်အေးရပါပြီ''

"အခုလာရင်း ကိစ္စကလည်း ထမင်းစားကြရင်း သားရေးသမီးရေး ကိစ္စလေး ပြောချင်တာပါ''

"သောင်းနိုင် ငါပွင့်ပွင့်လင်းလင်းနဲ့လိုရင်းပဲပြောလိုက်တော့မယ်... ငါ့သား ကယ်ဗင့်ကို Graceနဲ့နေရာချထားပေးချင်လို့.....သားလည်း လက်ထပ်သင့်တဲ့အရွယ်ရောက်ပြီဆိုတော့လေ... ငါလည်း သူ့နဲ့ သင့်တော်မယ့်မိန်းကလေးဆိုလို့ Graceအပြင် တခြားဘယ်သူ့မှမမြင်မိဘူး...သမီးက အစစအရာရာပြောစရာမရှိအောင်ကို တော်လည်းတော် လှလည်းလှဆိုတော့ သားကလည်းသဘောကျမယ်ထင်တာပဲ...''

ဆိုး  (GL 🌈) Where stories live. Discover now