Unicode
မွေးနေ့ပွဲ အပြီးတွင် ငပိုင်တစ်ယောက် ဝိုင်အသောက်များသွား၍ အမူးလွန်ကာ ကားမမောင်းနိုင်တော့ပေ။
ထို့ကြောင့် ကျွန်မ ပိုင့်ကို အိမ်သို့လိုက်ပို့ရသည်။ ကျွန်မတို့
နှင့်အတူ ထက်နိုင်လည်းပါလာသည်။ ပိုင့်အိမ်သို့ရောက်သောအခါ ထက်နိုင်သည် ပိုင့်အား ကားပေါ်မှအိပ်ခန်းအထိ ကုန်းပိုး၍သယ်ကာ အိပ်ယာပေါ်သို့ တင်ပေးလိုက်လေသည်။"အကိုပိုင့်ကိုသယ်ရတာ လေးလိုက်တာဗျာ''
"နောက်လည်း အကိုပိုင်ဒီလိုတွေမူးလာတိုင်း မောင်လေးပဲ သယ်ရမှာဆိုတော့ အလေ့အကျင့်ရတာပေါ့''
"အမကလည်းဗျာ ကျွန်တော်တို့နှစ်ယောက်ကိုဆိုစမယ်ဆိုတာကြီးပဲ''
"ဒါနဲ့ မောင်လေး... မနက်ဖြန်ကအလုပ်နားရက်မလား''
"ဟုတ်တယ်ဗျာ့''
"ဒါဆိုမောင်လေး အိမ်မပြန်နဲ့တော့လေ ပိုင့်အိမ်မှာပဲအိပ်လိုက်ပေါ့ မနက်နိုးမှပြန်ရင်ပြန်လိုက်တော့''
"ကောင်းပါ့မလားဗျာ အကိုပိုင်မကြိုက်လောက်ဘူး
ထင်တယ်''(အမလေး ဟိုကောင်က နင့်ကို ခေါ်ထားလို့ရရင်တောင် အပြီး ခေါ်ထားမယ့်ကောင်မျိုး)
"အယ်...သူက တစ်ယောက်တည်းနေတာ... အရင်ကလည်း သူ့သူငယ်ချင်းတွေ အိမ်လာလည်ရင် မနက်မှပြန်ကြတာ''
"အမတောင်တစ်ခါခါသူ့အိမ်မှာ အိပ်ဖြစ်တယ်...''
"အမတို့ကတော်တော်ရင်းနီးကြတာပဲနော်''
"အမလေး ပေါက်ကရတွေလျှောက်မတွေးနဲ့နော်...သူကမိန်းမတွေဆို လက်ဖျားနဲ့တောင်မတို့ဘူး...''
"ဒါဆို ကောင်လေးတွေကိုရော....''
"ဒါကတော့ သိချင်ရင် ဝယ်ဖတ်ပေါ့ မောင်လေးရယ်''
"အမတော့ မင်းတို့နှစ်ယောက်ကို သဘောတူတယ် ဟီးဟီး''
"အမကလည်း စပြန်ပြီ....''
"ဒါဆိုကျွန်တော် ဒီမှာပဲ အိပ်လိုက်တော့မယ် အမ''
"အေး မနက်ကျ ပိုင်နိုးလာရင် အမူးပြေအောင်စားစရာတစ်ခုခုလုပ်ပေးလိုက်ပါဦး....သူက အဲ့လိုဂရုစိုက်ခံရတာကြိုက်တယ်လေ''
YOU ARE READING
ဆိုး (GL 🌈)
RomansaUnicode cafeတစ်ခုမှာ မထင်မှတ်ပဲ တွေ့ခဲ့ရတဲ့ အမည်မသိ ခပ်ဆိုးဆိုးချာတိတ်မလေးကို စိတ်ဝင်စားမိတဲ့ တည်ငြိမ်ရင့်ကျက်တဲ့ business womanမမ Grace တစ်ယောက် အဲဒီ့ ချာတိတ်မလေးနဲ့ ဘယ်လို အကြောင်းပါလာမယ်ထင်လဲ 🙄🌈♥ ''အမည်လေးမသိတာမို့ ဒီခပ်ဆိုးဆိုးကောင်မလေးကို ''...