ဆိုး- အပိုင်း (၂၁)

1.7K 111 2
                                    

Unicode

မနက်စာစားပြီးချိန်တွင် ဆိုးက ဖုန်းထပ်ဆက်လာသည်။

"ဟယ်လိုမမ...''

"အင်း ဆိုး ပြောလေ''

"ဟိုလေ အလုပ်ကိုနည်းနည်း စောစောလာခဲ့ပါလားဟင် ဆိုး မမ နဲ့ ခဏလောက်တွေ့ချင်လို့''

"အင်း ဒါဆို ခဏနေထွက်လာခဲ့မယ်လေ...''

"ဟီး...ဒါဆို မြန်မြန်လာခဲ့နော် ဆိုးက ရောက်တော့မှာ''

"ဟုတ်ပါပြီကွယ်''

ကိုယ့်ချစ်သူက ကိုယ့်companyကမော်ဒယ်ဖြစ်နေတော့ အဆင်တော့ပြေသား...အမြဲလိုလို တွေ့လို့ရတာပေါ့လေ....

"​ဟဲ့ ငါအလုပ်သွားရတော့မယ် နင်လည်းပြန်တော့လေ''

"သွားတော့မှာလား အစောကြီးရှိသေးတာကို''

"ဆိုးက ရောက်တော့မှာ...ငါနဲ့ ခဏလောက်တွေ့ချင်လို့တဲ့...အဲ့တာကြောင့် စောစောသွားမလို့''

"အမလေး...တော်တော်ဖြစ်နေတာ''

"နင်ရော ထက်နိုင်နဲ့မဒိတ်ဘူးလား''

"ဒီနေ့သူမအားဘူးလို့ပြောတယ်...သူ့အဖေနဲ့တွေ့ရမှာမလို့တဲ့''

"အော်...နင်ရော နင့်ရဲ့ယောက္ခထီးနဲ့တွေ့ဖူးပြီးပြီလား''

"နိုး...ထက်နိုင်က ငါ့ကို သူ့မိသားစုအကြောင်း ဘာမှလည်းမပြောပြဘူး''

"မေးကြည့်ပေါ့...''

"မမေးချင်ပါဘူးဟာ...တစ်ခုခုတော့ အဆင်မပြေကြတဲ့ပုံပဲ...ငါ့အိမ်မှာအိပ်သွားတဲ့နေ့ကဆို ငါ့အိမ်ဧည့်ခန်းက မိသားစုဓာတ်ပုံကိုကြည့်ပြီး ထူးထူးဆန်းဆန်းတွေပြောသွားသေးတယ်''

"ဟုတ်လား ဒါဆို တစ်ခုခုအဆင်မပြေလို့ဖြစ်မယ်...
အဲ့တာကြောင့်ထင်တယ် ထက်နိုင်က ငယ်ပေမယ့် လူကြီးလေးလိုပဲ...အလုပ်လုပ်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်နေပြီ....နင်လည်း နင့်အဖေဆီမှာ အလုပ်ဝင်လုပ်တော့လေ...''

"အေး နောက်လပိုင်းလောက်နေရင် စလုပ်မယ်လို့စဉ်းစားထားတယ်''

"ကောင်းတယ်...အလေလိုက်မနေနဲ့တော့''

"အခုလည်းလေ အဖေက ထူးထူးဆန်းဆန်း ငါ့ အိမ်မှာလာနေနေတယ် အရင်ကဆို ငါ့ဆီကို တော်ရုံလာလည်တဲ့သူမျိုးမဟုတ်ဘူး''

ဆိုး  (GL 🌈) Where stories live. Discover now