<Unicode>
Mature Content (+)
မနက်မိုးလင်းလို့ ဘေးနားစမ်းကြည့်တော့မရှိတော့။ နေရာလွတ်သာစမ်းမိသည်။
မျက်လုံးဖွင့်ကာကြည့်တော့ဘယ်သူမှမရှိ။ကြည့်ရတာအစောကြီးထကာ သူ့အခန်းသူပြန်သွားပုံ။
ရှက်သွားတာလား။ပြုံးလိုက်ရင်းဘေးနားကတဘက်ကိုယူလိုက်ကာခါးမှာပတ်လိုက်ပြီးရေချိုးခန်းထဲဝင်ကာ မျက်နှာသစ်၊ ရေချိုးလိုက်သည်။
ရင်ဘက်ကကုပ်ရာတွေ၊ ကျောကစပ်ဗြင်းဗြင်းကြောင့်ပြုံးမိသား။
ကြောင်ပေါက်လေးပဲ။
ခပ်မြန်မြန်ချိုးကာ အဝတ်အစားလဲပြီးရေချိုးခန်းထဲကထွက်လာခဲ့သည်။အနက်ရောင်အနောက်တိုင်းဝတ်စုံကိုဝတ်ကာ ဆံပင်တွေကိုစုစည်းလိုက်ကာအခန်းထဲကထွက်လာခဲ့သည်။
===============
မိုးလင်းထဲက အာဏာမသိအောင် အခန်းထဲကအမြန်ထွက်လာခဲ့ရသည်။ ညကအကြောင်းတွေးမိလိုက်တော့ မျက်နှာပူရသည်။
ကိုယ်တိုင်လဲ လိုက်လျောခဲ့ပေမဲ့ ပြန်တွေးမိတော့ရှက်စိတ်ကဖျောက်မရ။ ရေခပ်သွက်သွက်ချိုးပြီး အခန်းထဲကမထွက်ဘဲ မွေ့ရာပေါ်မှာပဲထိုင်ကာစာအုပ်ဖက်နေလိုက်သည်။
လှုပ်လှုပ်ရှားရှားလဲမလုပ်ချင်၊ တကိုယ်လုံးနုံးနေသည်။
နေမကောင်းတာမဟုတ်ဘဲအီလည်လည်ကြီး။
ရုတ်တရက် အခန်းတံခါးကိုဖွင့်ပြီးဝင်လာတဲ့အာဏာကြောင့် သူအံ့ဩသွားရသည်။
အဝတ်အစားအပြည့်အစုံနဲ့အာဏာကကုမ္မဏီကိုသွားမည့်ပုံ။
သူ့မွေ့ရာနားကိုလျောက်လာတဲ့အာဏာကအလွန်ကြည့်ကောင်းလှသည်။
"မနက်စာမစားဘူးလား"
သူ့ဘေးနားကိုလာပြီးထိုင်ကာမေးသည်။ လက်ထဲကစာအုပ်ကိုချလိုက်ကာ ခေါင်းခါပြလိုက်သည်။
"မစားချင်ဘူးသေးလို့"
"ဘာလို့လဲ ကျွန်တော်နဲ့အတူတူစားမလား"
အနားကိုတိုးလာပြီးဖက်ထားသူကို အသာလေးပြန်မှီလိုက်သည်။ ကိုယ့်ခေါင်းကိုနမ်းရှိုက်နေတဲ့သူ့အထိအတွေ့ကိုခံစားရသည်။