[ 🌿 𝒁𝒂𝒘𝒈𝒚𝒊 🌿]
မင်းဆက်နှင့်အာဏာလဲ စခန်းပြန်ရောက်သောအခါ ရှင်းခန့်အားအကျိုးအကြောင်းပြောပြလိုက်ကြသည်။ရှင်းခန့်ကဂျောင်ဝူးစုံစမ်းထားသော အချက်အလက်ကိုကြည့်ကာပြောသည်။"ဒေါ်ချိုဇင်မှာနာမည်ပျက်မရှိဘူး.. အမျိုးသားကလဲ ပြဿာနာမရှိဘူး ... သာမာန်ပဲမင်းဆက်"
အောင်ခန့်ကသူထင်မြင်ချက်အားဝင်ပြောသည်။
"ဒါဆို အဲ့အိမ်ကတကယ်သရဲခြောက်တာရောမဖြစ်နိုင်ဘူးလား... ဥပမာ အိမ်ထဲမှာမကောင်းဆိုးဝါးရှိနေတာတို့...အိမ်ကြီးကကျိန်စာသင့်နေတာမျိုးတို့ရောမဖြစ်နိုင်ဘူးလား"
ထိုစဉ် ရှင်းခန့်က ဘေးနားမှအောင်ခန့်၏ခေါင်းကိုခေါက်လိုက်သည်။
"ဒေါက်!"
"အာ့ ..ဘာလုပ်တာလဲဗျ"
အောင်ခန့်ကစူပုပ်ပုပ်နှင့်မေးသည်။ရှင်းခန့်က အောင်ခန့်ကိုကြည့်ရင်းမျက်နှာမဲ့ကာဖြေ၏။
"ဇာတ်လမ်းတွေကြည့်တာလျော့...ကျိန်စာသင့်တဲ့အိမ်ပဲဖြစ်ရဦးမယ်"
ထိုအခါအောင်ခန့်က အရိုက်ခံလိုက်ရသောနေရာကိုပွတ်သပ်ရင်းပြောသည်။
"ထင်တာကိုပြောတာလေဗျာ"
"မင်းထင်မြင်ချက်ကမှန်ဦးမယ်"
မင်းဆက်ကတော့ အောင်ခန့်ကိုကြည့်၍ပြုံးနေသည်။ရှင်ခန့်နှင့်အောင်ခန့်ကညီအကိုများဖြစ်ပေမဲ့အကျင့်စရိုက်ကွာသည်။ အောင်ခန့်ကအနည်းငယ်ကလေးဆန်ပြီး ရှင်းခန့်တည်ငြိမ်သည်။ ညီအကို၂ယောက်၏ပုံစံကိုကြည့်ကာမင်းဆက်သဘောကျမိသည်။
ထိုစဉ် အာဏာက မင်းဆက်ကအောင်ခန့်ကိုကြည့်၍ပြုံးနေသည်ကိုဖြတ်၍ဆိုသည်။
"အဟမ်း ကိုကိုပြောလိုက်ဦးလေ"
ထိုအခါမင်းဆက်သတိရသွားဟန်ပြုသည်။ပြောရန်ကြံသေးရှင်းခန့်ကသူ့အားကြည့်ကာမေးသည်။
"မင်းဆက် ...ဘာကိုလဲ"
မင်းဆက်မဖြေခင် အာဏာက အေးအေးဆေးဆးပင်ဖြေသည်။
"ကျွန်တော်နဲ့ကိုကိုအဲ့အိမ်ကြီးကိုသွားနေမယ်"
ထိုအခါ ဘေးနားမှအောင်ခန့်ကအံ့သြသလိုကြည့်လာသည်