<Unicode>
မနက်ရောက်တော့ အာဏာ ထုံးစံအတိုင်းဌာနကိုသွားဖို့ပြင်ဆင်နေသည်။ ဆံပင်ကိုခပ်မြင့်မြင့်စည်းထား အနက်ရောင်ဝတ်စားကိုသာဝတ်ပြီး ပြင်ဆင်ခြင်းပြီးဆုံးသွား၏။
ခုံပေါ်ကဖုန်းကို ယူပြီး သတင်းပို့မဲ့လူရဲ့အဆက်အသွယ်ကိုသူစောင့်နေလိုက်သည်။
ခုံပေါ်မှာထိုင်ရင်း ဆေးလိပ်ကိုထုတ်လိုက်ပြီး မီးညှိကာ သောက်နေလိုက်သည်။ခုအချိန်ဆိုအရင်က သူစုံစမ်းခိုင်းထားတဲ့ ကိုကို့အကြောင်းကို ပို့ပေးနေကျ။ခုထိသူ့ကိုမို့သေးတော့ စိတ်ကတိုလာသည်။
မိနစ်၃၀ကြာတဲ့အထိ ပို့မလာတော့ သူစိတ်မရှည်တော့။
"တောက်စ်!!'
တောက်တစ်ချက်ခေါက်ကာ ဆေးလိပ်ကိုသာအရသာခံသောက်နေလိုက်သည်။ ထိုစဉ် လက်ထဲက ကိုင်ထားတဲ့ဖုန်းက အသံကြောင့်သူအမြန်ကြည့်လိုက်တော့ ဦးဒေး။
အာဏာ ဖုန်းကိုကိုင်လိုက်ပြီး.....
"ဦးဒေး"
"အေး ငါမင်းစုံစမ်းခိုင်းတာတွေသိပြီ ခုအားလား"
"အားတယ်ဦးဒေး။ "
"အဲ့တာဆို ငါ့ရုံးခန်းကိုပဲ လာခဲ့။ ငါစောင့်နေမယ်"
"ဟုတ်ကဲ့ ခုလာခဲ့မယ်ဦးဒေး"
"အေး စောင့်နေမယ်"
အာဏာ ပြောပြီးဖုန်ချလိုက်သည်။ ဆေးလိပ်ကိုပြာခွက်ထဲ ထည့်ပြီး ဖုန်းနဲ့ကားသော့ကိုယူပြီး အခန်းထဲကထွက်လာခဲ့သည်။
ထုံးစံအတိုင်း ဒေါ်ကြီးကိုပြောပြီး ဦးဒေးဆီကိုထွက်လာလာခဲ့သည်။
ကားမောင်းနေရင်း စိတ်ထဲမတင်မကျဖြစ်နေသည်။ ကိုကို့ဆီလွှတ်ထားတဲ့ လူကလဲ ခုထိအဆက်အသွယ်မလုပ်။ ဘာကိစ္စတွေရှိလို့လဲ။ ပြီးတော့ ကိုကို့ပုံတိုင်းမှာ ပါနေတဲ့ ထာမဏေဆိုတဲ့ အမျိုးသမီးကိုလဲ သူသဘောမကျ။
ဖြစ်နိုင်ရင် ကိုကို့ဘေးမှာဘယ်သူကိုမှမထားချင်။
သူတွေးရင်းနဲ့ကားမောင်းလာတာဆေးရုံကိုပင်ရောက်လာခဲ့သည်။ ကားပါကင်မှာသွားပြီးရပ်ကာ ဆေးရုံထဲဝင်လာခဲ့သည်။