<Unicode>
မျက်နှာချင်းဆိုင်ထိုင်နေတဲ့ လူနှစ်ယောက်။သေချာပေါက်မင်းဆက်နဲ့ ဇွဲလင်းမြတ်ပင်။
"ရနံ့မဆုံးခင်က ၂ယောက်သားဆက်ဆံရေးအဆင်ပြေတယ်မလား"
မင်းဆက်ကစတင်မေးလာသည်။ ထိုအခါဇွဲလင်းမြတ်
က ခေါင်းညိတ်ကာ"ပြေပါတယ်။ သူနဲ့ကျွန်တော်ကအမြဲတမ်းလိုလိုပြေ
ပါတယ်""ရနံ့ ကထူးခြားတာတွေဘာတွေရှိလားဗျ၊ ဥပမာ
ကိုဇွဲလင်းမြတ်ကို ဖုံးကွယ်ထားတာတို့လိုမျိုးပါ အဲ့လိုမျိုး
တွေရှိလားဗျ ၊ ကိုဇွဲလင်းမြတ်စိတ်ထဲထင်တာလေး"မင်းဆက်မေးလိုက်တော့ ဇွဲလင်းမြတ်က အနည်းငယ်တွေဝေသွားသည်။ တစ်ခုခုကိုစဉ်းစားနေသလိုမျိုး။
"မရှိဘူးဗျ သူကပုံမှန်ပါပဲ"
"အာ"
"ဒါမဲ့"
"ဘာဖြစ်လို့လဲဗျ"
မင်းဆက်ကစိတ်ဝင်စားစွာမေးလိုက်တော့ ဇွဲလင်းမြတ်
က"လွန်ခဲ့တဲ့ရက်အနည်းငယ်ကသူတစ်ယောက်တည်းအပြင်ထွက်သွားသေးတယ်ဗျ"
"ပြောချင်တာက"
မင်းဆက်မေးလိုက်တော့ ဇွဲလင်းမြတ်ကခေါင်း
ညိတ်ပြီး...."ဟုတ်ကဲ့ ရနံ့ကအမြဲတမ်းလိုလိုကျွန်တော်နဲ့အတူတူ
အပြင်သွားပါတယ် လွန်ခဲ့တဲ့၃နှစ် ကျွန်တော်တို့
ချစ်သူစဖြစ်ကတည်းကပါ မိဘတွေကလဲ ကျွန်တော်နဲ့ဆို စိတ်ချတော့ သူသွားချင်တဲ့နေရာမှန်သမျှ ကျွန်တော်လိုက်ပို့ပါတယ်"
ဒါမဲ့ လွန်ခဲ့တဲ့ရက်ကသူတစ်ခုခုကျွန်တော်မသိအောင်
လုပ်နေသလိုမျိုးပဲဗျ""ဘယ်လိုမျိုးလဲ အတိအကျလေးပြောပြလို့ရမလား"
"ဟုတ်ကဲ့ ကျွန်တော်အလုပ်မအားတဲ့တစ်ရက်သူ့ကိုအပြင်လိုက်ပို့မပေးနိုင်ဘူး၊ သူကလဲ သွားစရာမရှိဘူးလို့ပြောတယ်ဘယ်မှမသွားဘူး အိမ်မှာပဲနေရမှာတဲ့
ဲ့အဲ့တာနဲ့ ကျွန်တော်လဲ အလုပ်ကိုဖြောင့်ဖြောင့်လုပ်
လို့ရသွားတယ်ကျွန်တော် အသိတစ်ယောက်နဲ့အလုပ်ကိစ္စအတွက်
ဆိုင်တစ်ဆိုင်ကိုသွားပြီးတွေ့တော့ ရနံ့ကိုအဲ့မှာတွေ့လိုက်ရတယ်"