[ 🌿 𝒁𝒂𝒘𝒈𝒚𝒊 🌿]
ညလယ်လောက် တစ်ရေးနိုးလို့ဘေးကိုကြည့်တော့ အာဏာကအိပ်နေဆဲ၊၊ ရေဆာလို့ရေသောက်ရန်အတွက်သူအိပ်ရာပေါ်ကနေ ဖြည်းဖြည်းလေးဆင်းလိုက်သည်။ ဘေးကတစ်ယောက်နိုးသွားမည်စိုး၍ အိမ်တွင်းစီးတဲ့ ဂွင်းထိုးဖိနပ်လေးကို အသာလေးစီးကာ မတ်တတ်ရပ်လိုက်သည်။
ခြေကားယာ လက်ကားယားအိပ်နေသောအာဏာကို သူကြည့်ပြီးခေါင်းခါမိသည်။ဂွပြဲနေသောဘောင်းဘီကြီးနှင့် အိပ်သောနေ အာဏာကိုစောင်ခြုံပေးလိုက်ပြီးစားပွဲပေါ်ကနာရီကိုကြည့်တော့ည၁နာရီ။ဖုန်းကိုယူပြီးသူတံခါးဝသို့လျောက်လာလိုက်သည်။
သူလဲရေသောက်ဖို့အတွက် အခန်းတံခါးဖွင့်ကာ
အောက်ထပ်သို့ဆင်းလာလိုက်သည်။မီးထွန်းထား၍အကုန်လုံးကိုရှင်းရှင်းလင်းလင်းမြင်ရသည်။ထမင်းစားခန်းထဲဝင်ကာ ရေခဲသေတ္တာထဲကနေ ရေဗူးကိုထုတ်ပြီး ရေဆာနေသောစိတ်အားပြေပျောက်အောင် ရေသောက်လိုက်သည်။
ထိုစဉ် ညအိပ်ဘောင်းဘီထဲ ထည့်ထားသော ဖုန်းကတုန်ခါလာသောကြောင့် ကြည့်မိတော့ အန်ကယ်မိုက်ခ်။
"ဟယ်လို အန်ကယ်မိုက်ခ်"
အန်ကယ်မိုက်ပြောတဲ့ စကားကြောင့် သူလက်သီးကို ကျစ်နေအောင်ဆုတ်လိုက်ပြီးပြန်ပြောလိုက်သည်။
"ကျွန်တော်ခုလာခဲ့မယ်"
ဖုန်းကိုချကာ သောက်လက်စရေဗူးကို နေရာတကျပြန်ထားပြီး ထမင်းစားခန်းထဲကထွက်လာခဲ့သည်။အိမ်ပေါ်ထပ်ရှိ အခန်းထဲသို့အမြန်တတ်လာလိုက်ပြီးအခန်းထဲရောက်တော့ အာဏာကအိပ်နေဆဲ။
သူဗီဒိုကို ဖွင့်ကာ ကုတ်အကျီင်္အနက်ရောင်ကို ထပ်ဝတ်လိုက်သည်။
"ကိုကို ဘာလုပ်နေတာလဲ"
သူဝတ်နေရင်း နောက်ကအသံကြား၍ လှည့်ကြည့်လိုက်တော့ အာဏာကနိုးနေသည်။ သူ့ကိုကြည့်ကာမေးနေသောကြောင့် သူ မဖြေလို့မရတော့ပေ။
တကယ်ဆို အာဏာကို မပြောဘဲ နဲ့ သွားရန်ဖြစ်သည်။ ခုတော့ မထူးတော့ပေဟု တွေးကာပြောလိုက်သည်။
![](https://img.wattpad.com/cover/241649709-288-k805966.jpg)