<Unicode>
"ရောက်လာပြီလား"
မင်းဆက်နဲ့ အာဏာဝင်လာတော့ အောင်ခန့်ကမေးသည်။ မနေ့က နေမကောင်းပေမဲ့ ဒီနေ့မနက်သက်သာသွား၍သူလာခဲ့ခြင်း။ ညကဆေးသောက်ထားတော့ သက်သာသွားပုံ။ မချိမဆန့်ဖျားတာမဟုတ်ဘဲ ဒီတိုင်းပင်ပန်းသွားလို့ လူကနုံးသွားတာဆိုတော့ ညပိုင်းဆေးသောက်ရုံနဲ့ မနက်ကသက်သာလာသည်။
"အင်း စုံစမ်းပြီးပြီလား"
၃ယောက်စလုံး အလုပ်ခန်းထဲကို လမ်းလျောက်လာကြသညိ။ အာဏာကတော့ ဘေးနားက တိတ်ိတ်တ်ဆိတ်ဆိတ်နဲ့လိုက်လာသည်။
"အင်း ဂျောင်ဝူးကညထဲက အားလုံးစုံစမ်းထားတာ
"အောင်ခန့်ကပြောရင်း အခန်းတံခါးဖွင့်ပေးတော့ အထဲဝင်ခဲ့ကြသည်။ ၃ယောက်စလုံး အထဲရောက်တော့ အာဏာက အရင်ဆုံးဆိုဖာပေါ်ဝင်ထိုင်ပြီး မင်းဆက်ကတော့ ဘေးမှာဝင်ထိုင်သည်။
"ညလောက်ထဲက သိတာ။ ညထဲကခေါင်းဆောင်ဆီ
ေMailပို့ထားမလို့ပဲ။ ဒါမယ့် နေမကောင်းဘူးဆိုတော့ မကြည့်နိုင်လောက်ဘူးဆိုပြီး မပို့လိုက်တာ"အောင်ခန့်က ရှေ့ကခုံမှာဝင်ထိုင်ပြီးပြောတော့ မင်းဆက်ကခေါင်းငြိမ့်၏ ။ စားပွဲပေါ်က ကော်ဖီဗူးကိုဖွင့်ပြီး အောင်ခန့်က ခွက်တစ်ခွက်နဲ့ငှဲ့ပေးပြီး မင်းဆက်ကို ကမ်းပေးသည်။ အောင်ခန့်ကပေးတဲ့ ကော်ဖီခွက်ကို ယူပြီး လက်ထဲနွေးအောင်ကိုင်ထားလိုက်၏။
အပြင်ကလာတော့ လေတိုက်လို့အေးနေတဲ့ လက်က ကော်ဖီခွက်ကိုင်လိုက်တော့ နွေးသွားသည်။ ကော်ဖီခွက်ကို လက်နှစ်ဖက်ကနဲ့သေချာကိုင်ပြီး အနွေးဓာတ်ကိုခံစားနေလိုက်သည်။
"ဒါနဲ့ နေကောင်းသွားပြီလား"
နောက်ထပ်ကော်ဖီခွက်ကိုငှဲ့ရင်း မေး၏။ နောက်တစ်ခွကို အာဏာကိုပေးလိုက်တော့ အာဏာကလဲယူပြီးမသောက်သေးဘဲ ကိုင်ထားသည်။
"အင်း ကောင်းသွာပြီ။ အရမ်းကြီးဖျားတာမဟုတ်တော့ မြန်မြန်သက်သာသွားတယ်"
လက်ထဲကနွေးနွေးလေးဖြစ်တဲ့ ကော်ဖီကိုတစ်ငုံကိုသောက်လိုက်ပြီပြောသည်။ အောင်ခန့်ကတော့ ခေါင်းညိတ်၏။
![](https://img.wattpad.com/cover/241649709-288-k805966.jpg)