<Unicode>
"သေချာဖြေနော် မမှားစေနဲ့"
"ကိုကို ကျွန်တော်ဖြေမှာ၁၀တန်းစာမဟုတ်ဘူးနော်"
စာမေးပွဲဖြေဖို့အရေး မှာတမ်းခြွေနေတဲ့မင်းဆက်ကို အာဏာကဆိုလိုက်ခြင်း။ မနက်ခင်းဖြေခါနီး မှာကြားနေတာအတော်ပင်ကြာနေပြီ ။
"ဘာပဲဖြစ်ဖြစ် စိတ်ပူလို့ပြောတာကိုအထွန့်မတတ်နဲ့"
ခပ်တည်တည်နဲ့ပြောလိုက်တဲ့မင်းဆက်ကြောင့် အာဏာ ရယ်လိုက်သည်။ သူ့ကိုဆုံးမနေတဲ့ ကလေးကြီးရဲ့ ခါးကိုဖက်ပြီး လည်တိုင်ပေါ်ခေါင်းတင်လိုက်သည်။
"ဟုတ်ပါပြီ။ အကောင်းဆုံးဖြေခဲ့မယ်၊၊ ပြီးရင်ချက်ချင်းပြန်လာမယ်နော်"
သူ့ပခုံးပေါ်မှာခေါင်းတင်ပြီးချွဲနေတဲ့ အာဏာရဲ့ ခေါင်းကိုဖြည်းဖြည်းလေးပွတ်ပေးပြီး မင်းဆက်ငုံ့နမ်းလိုက်သည်။
"အင်း သေချာဖြေ လာကြိုရမလား"
"ဟင့်အင်း ကိုကိုမအားတာကျွန်တော်သိတယ်
လုပ်စရာရှိတာသာလုပ် ကိုယ့်ဘာသာသွားလိုက်မယ်""ဟုတ်ပြီ ဂရုစိုက်သွားဦးနော်"
"ဟုတ်ကိုကို"
~~~ringtone~~~
မင်းဆက်ရဲ့ဖုန်းလာတော့ ၂ယောက်စလုံးဖက်ထားရာကနေခွာလိုက်ပြီးမင်းဆက်က ဖုန်းကိုကြည့်လိုက်သည်။
"ဒါဆိုငါအခန်းထဲသွားတော့မယ်၊၊ သေချာဖြေခဲ့နော်"
"အင်း မသွားခင်နမ်းဦး"
ပါးတဖက်ကိုထိုးလေးနေတဲ့အာဏာကြောင့် မင်းဆက်ပြုံးပြီး ပါးပြင်ကိုဖိကပ်နမ်းလိုက်သည်။
"ကဲ သွားပြီ"
"အင်း"
မင်းဆက်က ဖုန်းကိုကိုင်ပြီး အခန်းထဲကထွက်သွားသည်။ မင်းဆက်ထွက်သွားတော့ အာဏာလဲကျောင်းသွားဖို့ပြင်လိုက်သည်။
ခုံပေါ်ကဆေးဗူးကိုယူပြီးလွယ်အိတ်ထဲထည့်ကာ အပြင်ကိုထွက်လာလိုက်သည်။
===================
"ဟယ်လို"
"မင်းကလဲ ကြာလိုက်တာ ဖုန်းကိုင်တာက"