<Unicode>
မင်းဆက် သူ့ရှေ့ကသင်းရနံ့ရဲ့မိဘတွေကို အားနာလို့ဘာစကားမှမဆိုနိုင်တော့ပဲ ခေါင်းငုံ့နေရသည်။
သင်းရနံ့ရဲ့မိဘတွေနဲ့ သူမ ချစ်သူကတော့ အံ့ဩ၍ ဘာမှမဆိုနိုင်။
ဧည့်ခံပွဲ ကိုလာခဲ့ကောင်လေးကသတ်ခဲ့တာဆိုတာကိုသူတို့မှမယုံကြည်နိုင်ဖြစ်နေကြသည်။ ပြီးတော့ သမီးဖြစ်သူသူငယ်ချင်းရဲ့ညီလေး၊၊
မောင်လေးလိုခင်ခဲ့တဲ့ ကောင်လေး။
"ဒါက ဒါကအမှန်ပဲလား မင်းဆက်"
အံ့ဩတုန်ရီစွာမေးနေတဲ့ သင်းရနံ့ဖခင်စကားကိုသူခေါင်းငုံ့ကာခေါင်းညိတ်မိသည်။
ထို့နောက် သူမော်ကြည့်လိုက်ပြီး
"ဦးလေးတို့လဲ သတင်းကြားမှာပါ"
သူ့စကားအဆုံး သူမရဲ့ဖခင်ကဆိုဖာကိုမှီကာထိုင်လိုက်သည်။ စိတ်ပျက်လက်ပျက်ဖြစ်သွားတဲ့ သူမဖခင်က မထင်ထားတဲ့ကိစ္စတစ်ခုကိုကြုံတွေ့လိုက် သလိုပင်ဖြစ်နေသည်။
"ကြားကြားချင်းမယုံနိုင်ဘူးမင်းဆက် ဘာလို့ မင်းညီလေးကဒီလိုလုပ်ရတာလဲ သမီးနဲ့ ဘာကိစ္စများရှိလို့လဲ "
သင်းရနံ့ရဲ့မိခင်က မျက်ရည်ကျကာမေးသည်။သူမမိခင်ရဲ့မေးခွန်းကို သူဘာမှမဆိုနိုင်။
အာဏာက ဘာလို့သတ်တာလဲ၊၊ ဘာအကြောင်းကြောင့်သတ်တာလဲသူမသိ။
"ကျွန်တော်မသိဘူးအန်တီ ။ သူဘာလို့ခုလိုမျိုးတွေလုပ်နေတာလဲဆိုတာ ကျွန်တော်မစဉ်းစားတတ်တော့ဘူး"
သူခပ်တိုးတိုးလေးဖြေမိသည်။
သူတကယ်မသိ။ အာဏာဘာလို့ဒီလိုတွေလုပ်ရနေရတာလဲဆိုတာတကယ်မသိပေ။
"သူ့မှာစိတ်ရောဂါတစ်ခုခုများရှိနေသလား "
သင်းရနံ့ရဲ့ချစ်သူကမေးလာသည်။ ထိုစကားကြောင့် သူသတိရမိတာက အာဏာရဲ့ပုံမှန်မဟုတ်တဲ့မျက်လုံး။
ဖြစ်နိုင်မလား။ အာဏာရဲ့မျက်လုံးကြောင့်ဖြစ်နိုင်ပါ့မလား။ စိတ်ရောဂါ ။ အာဏာကစိတ်ရောဂါကတော့လုံးဝမရှိနိုင်ပေ။