[ 🌿 𝒁𝒂𝒘𝒈𝒚𝒊 🌿]
"နင်တို့နှစ်ယောက်စလုံးမှားတာ ဒီကိစ္စက"
မင်းဆက်သင်းရနံ့နဲ့အတူ အပြင်ထွက်လာခြင်းဖြစ်သည်။ဒီနေ့ကုမ္မဏီမှာ အလုပ်သိပ်မရှိသောကြောင့် နားမယ်စိတ်ကူးရင်း ရနံ့နဲ့ အတူတူလျောက်လည်ရန်ဆုံးဖြတ်လိုက်သည်။
ဖြစ်သမျှကိစ္စကို ရနံ့အားပြောပြလိုက်တော့ သင်းရနံ့ကထက်မြင်ချက်ပေးသည်။
သင်းရနံ့ကဆက်ပြောသည်။
"အင်း ... ခုကိစ္စကနင်ဘက်ကမမှားပေမဲ့ အရမ်းကြီးလဲမမှန်ဘူး... နင်ကအေးအေးဆေးဆေးပြောပြသင့်တယ်လို့ထင်တယ်... သူကလဲသောက်ထားတယ်မို့လား"
မင်းဆက်ခေါင်းညိတ်လိုက်၏။
"အင်း.... သောက်ထားတယ်"
"အေးလေ.... သောက်ထားတဲ့လူကိုနင်ကထိုးကြိတ်ပြီးပြောတာကို... တကယ်ဆိုသူအမူးပြေမှ သေသေချာချာပြောပြသင့်တာလေ"
"သူ မမူးတဲ့အချိန်ပြောတော့ရော နားဝင်လို့လား.. ငါကသူ့ကိုကောင်းစေချင်လို့စေတနာနဲ့ ဆုံးမတာကိုနားမလည်တာ... စော်ကားတာလောက်စိတ်တိုတာမရှိဘူး"
သူပြောတော့ သင်းရနံ့ကသက်ပြင်းချပြီးဆက်ပြောသည်။
"သူကငယ်သေးတယ်လေမင်းဆက်ရယ်..
ပြီးတော့ သူကနင့်ကိုအရမ်းချစ်တာပါ... ကြည့်ရတာသူ့ကိုဖြစ်တဲ့နင့်ကို တော်တော်သဝန်တိုနေပုံပဲ""သဝန်တိုတာ ဘာကိုပြောချင်တာလဲ"
"ဒီလိုလေ.... တချို့ညီအကိုတွေကအရမ်းချစ်ကြတာ...တစ်ယောက်နဲ့အရမ်ချစ်တော့ သူတို့ကြားမှာ တခြားလူဝင်မှာကို စိုးရိမ်သွားတာ အဲ့လိုမျိုးပေါ့... ပြီးတော့ နင်စဉ်းစားကြည့်.. အာဏာရဲ့ပုံစံကအရင်ကနဲ့မတူတော့ဘူးမို့လား"
သင်းရနံ့ပြောတော့ သူစဉ်းစားကြည့်တာဟုတ်သည်။ အရင်ကဆို အမြဲတစေကြောက်နေတတ်ပြီးသူ့ကိုသာအမြဲတမားခင်တွယ်နေသော အာဏာကခုတော့ သူ့ကို အာခံပြောတတ်နေပြီ၊၊သူငယ်ချင်းမရှိဘဲတစ်ယောက်ထဲနေတတ်လို့ သူတောင်နားချခဲ့ရတဲ့သူကအခုတော့clubတောင်တတ်ကာ ကောင်မလေးတွေနဲ့ တွဲတတ်နေပြီ။