<Unicode>
"ညကငါဘာတွေလုပ်မိသေးလဲ"
"တကယ်မမှတ်မိတော့ဘူးလား"
"မမှတ်မိလို့မေးနေတာပေါ့ ငါဘာတွေလုပ်မိသေးလဲ"
ဘေးကကားမောင်းနေတဲ့အာဏာကို မင်းဆက်အတင်းမေးနေ၏။ ညကသူမူးပြီးဘာတွေပြောလိုက်မှန်းမသိ။ ပြီးတော့ သူဘာတွေလုပ်လိုက်မှန်းလဲမသိ။
အာဏာကတော့ ဘာမှမပြောဘဲ ပြုံးစိစိနဲ့ကားသာအေးအေးဆေးဆေးမောင်းနေသည်။ အဲ့လိုပြုံးစိစိလုပ်နေတာက မင်းဆက်ကိုပိုပြီးအသဲယားစေ၏။
"ငါ တစ်ခုခုလုပ်မိသေးလား"
ဘေးနားကနေအငြိမ်မနေပဲ သူသိချင်ရာကိုအတင်းစစ်မေးနေသောမင်းဆက်ကိုအာဏာလှည့်ကြည်ပြီး လက်တဖက်နဲ့ မင်းဆက်ရဲ့ပါးကိုလှမ်းဖျစ်လိုက်ကာ
"လျောက်တွေးမနေနဲ့ ၊၊ ကိုကိုဘာမှမလုပ်ဘူး"
အာဏာရဲ့စကားကိုမင်းဆက်က မယုံသလိုနဲ့မျက်လုံးစွေကြည့်ကာ
"သေချာလား၊၊ ငါတကယ်ဘာမှမလုပ်တာနော်"
"အင်း သေချာတယ်၊၊ လုပ်တော့ရော ဘာဖြစ်လို့လဲ။ ကိုယ့်ချစ်သူရှေ့ကိုယ်လုပ်တာပဲ"
"မပြောနဲ့ ဘာပဲဖြစ်ဖြစ်ရှက်တယ်"
"ဟော ရှက်တတ်တယ်ပေါ့"
အာဏာက အံ့ဩသလိုလုပ်ပြတော့မင်းဆက်ကရယ်ပြီး
"မစနဲ့နော်။ ကိုက်ဆွဲလိုက်မယ်"
"ဟာ ခေါင်းဆောင်ကြီးကကိုက်တတ်တယ်လား"
"တော်တော့ မပြောတော့ဘူး"
"ဟားဟားး ဟုတ်ပြီဟုတ်ပြီ"
နှစ်ယောက်စလုံးစကားပြောတာရပ်လိုက်ကြပြီး ကားဖြင့်ဌာနကိုသာအေးအေးဆေးဆေးမောင်းလာခဲ့၏။ မင်းဆက် ဖုန်းကိုကြည့်နေရင်း batteryကုန်သွားတဲ့အတွက် စိတ်ညစ်သွား၏။
"ကျစ်!! ဖုန်းအားကုန်သွားပြီ"
"ဒီမှာ ရော့ "
အာဏာက သူ့ရဲ့power bankကိုထုတ်ပေးတော့ မင်းဆက်က သဘောကျသွားပြီး
![](https://img.wattpad.com/cover/241649709-288-k805966.jpg)