<Unicode>
"ဘယ်အချိန်မှပြန်မှာလဲ၊ မင်းဆက်စိတ်ပူနေလိမ့်မယ်"
မနက်ထဲက ဌာနရောက်လာပြီး ညနေရောက်လို့ ညတောင်ရောက်တော့မည်။ ခုထိမပြန်သေးတဲ့ အာဏာကြောင့် ရှင်းခန့်မေးလိုက်ြခင်း။
ဂျောင်ဝူးကတော့ သူတိုက်ခန်းကိုသူခဏပြန်ဦးမယ်ဆို
ပြီးပြန်သွားလေရဲ့။ အောင်ခန့်ကလဲ ရင်းနဲ့အပြင်ထွက်သွားသည်။လောလောဆယ်ဌာနမှာ စိုင်အောင်နဲ့ရှင်းခန့်သာရှိသ
ည်။ အာဏာကတော့ ရောက်ထဲကငိုင်နေတာ ခုထိ။ဘယ်အချိန်ထိနေမလဲမသိ။ ခုထိတော့အိမ်ပြန်မဲ့ အရိပ်အယောင်မမြင်ရ။
"ပြဿနာတတ်လဲ သေချာဖြေရှင်းလေ။ ခုလိုရှောင်လာလို့ပြေလည်မသွားဘူး။ သေချာပြေပြေလည်လည်ရှင်း"
ရှင်းခန့်ကပြောသည်။ စိုင်းအောင်ကတော့ ထိုင်ကာနားထောင်နေဆဲ။ သူကလဲမပြန်။ စပ်စုစိန်ပီပီ ငြိမ်ကာနားထောင်နေသည်။
"ကျွန်တော်ကိုစိတ်ပျက်သွားပြီထင်တယ် "
မှိုင်ကာပြောလိုက်တဲ့ အာဏာရဲ့စကားကိုရှင်းခန့်က
မျက်ခုံပင့်သည်။ အမြဲတမ်းအေးစက်စက်နဲ့ ယုံကြည်ချက်ပြည့်ဝနေတဲ့ အာဏာခုတော့ လဒကြီးမှိုင်နေသလိုပင်။ဩော် ရည်စားအပူတွေ ရည်စားအပူတွေ။
"ဖြစ်ပျက်တဲ့ကိစ္စကိုအေးအေးဆေးဆေးရှင်း။ခုလိုရှောင်ပြေးရင် ပိုပြီးဆိုးသွားမယ် "
"ကျွန်တော်တို့Clubသွားမလား"
သွက်သွက်လက်လက်နဲ့ စိုင်းအောင်ကမေး၏။အာဏာက ခေါင်းညိတ်၏။
"သွားမယ် "
"ဖြစ်မလား မင်းဆက်စိတ်ပူနေလိ့မ်မယ်"
"ခဏတဖြုတ်ပါ သွားကြအောင်"
ရှင်းခန့်လဲတားမရတော့မဲ့အတူတူ သွားဖို့ပြင်လိုက်သည်။ စိုင်းအောင်ကတော့ တတ်ကြွလို့။
Clubရောက်တော့ တစ်ခွက်ပြီတစ်ခွက်သောက်နေတာကအာဏာ။ အရက်အပြင်းတွေကို တစ်ခွက်ပြီးတစ်ခွက်သောက်နေတဲ့ အာဏာကိုကြည့်ကာ စိုင်းအောင်နဲ့ရှင်းခန့်အံ့သြမိသည်။
![](https://img.wattpad.com/cover/241649709-288-k805966.jpg)