ိ<Unicode>
"လွမ်းတယ်"
"ရောက်တာ တစ်ရက်ပဲရှိသေးတယ်လေ"
"လွမ်းတာအချိန်နဲ့မှမဆိုင်တာ၊၊ အနားမှရှိရင်တောင်လွမ်းလို့ချစ်လို့နမ်းလို့မဝတာကို ဒီလိုအဝေးကြီးရောက်သွားတော့ ပိုလွမ်းတယ်"
မွေ့ရာပေါ်မှာလှဲနေရင်း တစ်ဖက်ကအာဏာရဲ့စကားကိုသံကိုနာထောင်နေခြင်း။ ချွဲသလိုလိုပြောနေတဲ့ စကားကြောင့် မင်းဆက်ပြုံးမိသည်။
"ကိုကို"
"အင်း ပြောလေ"
"ကျွန်တော့်ကိုအမြဲသတိရနေနော်"
"အင်း အမြဲတမ်းသတိရနေမှာ"
"ဖြစ်နိုင်ရင်ခုချက်ချင်းလာတွေ့ချင်တယ်"
"တွေရမှာပေါ့၊ နှစ်နည်းနည်းလောက်သည်းခံပေး"
"အင်း ချစ်တယ်"
"ချစ်တယ်"
"အိပ်တော့ကိုကို ပင်ပန်းနေပြီပေါ့"
"အွန်း "
ဖုန်းချပြီး ပက်လက်လေးအိပ်ကာတွေးတောမိသည်။
အင်း ၄နှစ်။ နောက်ထပ်၄နှစ်နေရင်တွေ့ရတော့မှာပါ။ ကိုယ့်ဘာသာအားတင်းထားမိသည်။သူပြန်သွားရင် အာဏာကအရင်လိုပဲချစ်ဦးမှာလား။ အနေဝေးလို့သွေးအေးမှာလား။
မဖြစ်နိုင်တာ ။တောင်ရောက်မြောက်ရောက်နေတဲ့အတွေးတွေကိုဖယ်ရှားလိုက်ပြီး အိပ်ဖို့ကြိုးစားလိုက်သည်။ရာသီဥတုက အေးနေတော့ ချစ်သူကိုလွမ်းသည်။ သူ့လက်လေကိုနွေးထွေးအောင်ဆုပ်ကိုင်ကာအနွေးဓာတ်ပေးတဲ့ကောင်လေး။ နွေးထွေးအောင်တင်းတင်းကျပ်ကျပ်ဖက်ပြီးအိပ်တတ်တဲ့ကောင်လေး။
ခုရော သူ့ကိုလွမ်းနေမလား...။
=================
လက်ထဲကဝိုက်ခွက်ကိုကြည့်ရင်း ခပ်မဲ့မဲ့ပြုံးမိသည်။ လည်ချောင်းထဲစီးဆင်းသွားတဲ့ ဝိုင်ကပြင်းရှရှ။ ထိုပြင်းရှရှ အရသာကရင်ထဲကအလွမ်းဒဏ်ကိုမကျော်နိုင်။