part-31🔞

1.6K 74 0
                                    

Unicode

ခြံတံခါးကိုဖွင့်ပြီးကားကိုခြံထဲထည့်လိုက်သည်

မျက်စိထဲဝင်လာတဲ့ခြံထဲကကားအဖြူ​ေလးကြောင့်
အကိုပြန်ရောက်နေပြီဆိုတာသိလိုက်ပြီ

ကားပေါ်ကအသာဆင်းကာအိမ်ထဲသို့ဝင်လာလိုက်သည်
တိတ်ဆိတ်နေသောဧည့်ခန်းမှာမီးရောင်ဖျော့
ဖျော့သာထွန်းထားလေသည်

ထို့နောက်မီးဖိုချောင်ထဲဝင်သွားလိုက်သည်
တကုပ်ကုပ်နှင့်ချက်ပြုတ်နေသောအကို့ကိုတွေ့ရမှ
စိတ်ထဲကျိတ်ပျော်သွားလေသည်

"အဟမ်း........."

အသံကြားသွားသောတစ်ခနတုန်တက်သွားသောပုခုံး
တို့ ထို့နောက်လှည့်တောင်ကြည့်မလာပါပဲ
သူ့အလုပ်သူဆက်လုပ်နေသည်

ကျနော်လည်းရေခဲသေတ္တာဆီသွားကာရေသောက်ချင်ယောင်ဆောင်လိုက်သည်

အကိုကကြက်စွတ်ပြုတ်လုပ်နေသည်ပဲ
အကို့နားကပ်သွားကာအနောက်ဘက်ကသိုင်းဖက်လိုက်သည်

ဒီကျော့ပြင်နွေးနွေးလေးကိုလွမ်းနေခဲ့တာ
သို့ပေသည့်.... ရုတ်တရက်ဖယ်ချခံလိုက်ရသော
ကျနော်လက်များက ကျနော့်ကိုလှောင်ရီနေသည်

"ဘာဖြစ်နေတာလည်း.......အေးဆေးနေစမ်းပါ..."

"အဲ့စကားကအကို့ကိုမေးရမှာလေ...
..အကိုဘာဖြစ်နေတာလည်း...ကိုယ့်ယောက်ကျားကဖက်တာတောင်မခံချင်ရတော့လောက်အောင်..
....ဘယ်ကောင့်ရင်ခွင်ကိုမျှော်လင့်နေလို့လဲ....
.ပြောစမ်းပါ....သိချင်လွန်းလို့.....အိမ်ကနေစိတ်
မထင်ရင်မထင်သလိုထွက်သွားတယ်....
နေချင်တဲ့နေရာမှာနေချင်သလိုနေခဲ့ပြီးမှ...
ပြန်ချင်တဲ့အချိန်ကျမှပြန်လာတယ်....
...အိမ်ကနေမျှော်နေမဲ့ကျနော့်ကိုခဗျားမသနားဘူး..
...ဘာလဲကြာလာတော့ကျနော့်ကိုငြီးငွေ့သွားပြီလား....ဟုတ်လား...ဟင်....ပြောစမ်းပါ..."

"တောက်..........မင်းပါးစပ်ကိုပိတ်ထားလိုက်တော့သူရ....မင်းထင်နေသလိုတစ်ခုမှမဟုတ်ဘူး...ငါ့ကို
လာမစွပ်စွဲနဲ့...."

"အော့်......ဟုတ်လား....အဲ့တာဆိုဒါလေးကိုရှင်းစမ်းပါအုံး....ကျနော်တောင်မသိလိုက်အောင်အိမ်တွေခိုး
ဝယ်ပြီးတော့အဲ့မိန်းမကိုတောင်အိမ်ပေါ်ခေါ်တင်ထား
တဲ့အကြောင်းလေး.....အလုပ်မှာတစ်ခါတစ်လေ
ပျောက်ပျောက်သွားပြီးအဲ့မိန်းမဆီရောက်ရောက်သွားတာ....ကျနော်မသိချင်ယောင်ဆောင်နေခဲ့တာကြာပြီ....အကိုတစ်ယောက်ကတော့...ကျနော့်ကို
အဲ့လိုမလုပ်လောက်ပါဘူးဆိုပြီးကျနော့်မှာတော့
ယုံကြည်လိုက်ရတာ....ခင်ဗျားကျနော့်ကိုပြောပြလာမယ့်အချိန်တွေအထိစောင့်လိုက်ရတာ....ခင်ဗျားဟာလေ...သိပ်ရက်စက်တာပဲ.....ကိုခန့်သူ....."

home(complete)Where stories live. Discover now