part-11

1K 96 2
                                    

Unicode

ဘာလိုလိုနဲ့ သကြ်န်တောင်ပြီး ပါပေါ့လား

မေမေတို့က နှစ်ဆန်းတစ်ရက် နေ့မှာ အိမ်ပြန်
ရောက်ကြတယ်

မေမေတို့ပြန်ရော က်တော့ သူရက
သူ့အိမ်သူပြန်သွားတယ်

ဒီလိုနှင့်အချိန်တွေကို မသိလိုက်မသိဖာသာ
ကုန်ဆုံးသွားလိုက်တာ ကျောင်းတွေတောင်
ပြန်ဖွင့်နေခဲ့ပြီ

အိမ်ကအငယ်ကောင်နဲ့မတည့်
သလောက် သူရနှင့်တော့ငြိမ်နေသဖြင့်
မေမေကတောင်သူရကိုချီးကျူးနေသေးသည်

ဘာတဲ့ အဲ့ဒီ့ပျော့ပျော့လေးနဲ့နံတဲ့ကြောင်ချီးကို
သားတစ်ယောက်ပဲအလိုလိုက်နိုင်တယ်ဆိုလား

ကျနော်ဂျီးမများပါဘူး ငါးကညှီပြီးအရိုးနွှင်ရတာ
အလုပ်ရှုပ်လို့မစားတာ

သူရကကျနော့်ကိုအရိုးနွှင်ပေးတယ်လေ

ပြီးတော့ သူချက်တဲ့ငါးကမညှီဘူး ၊

နွားနို့ကညှီလို့မသောက်တာ ဒါပေမဲ့
သူရကြ်ုတိုက်တဲ့နွားနို့က မလို င်ဖတ် လေး​
တွေနဲ့သောက်ချင်စရာလေးလေ

သွားရည်စာတွေမစားတဲ့ကျနော့်ကို မြန်မာမုန့်
လေးတွေတစ်ခါတလေလုပ်ကြွေးတတ်သေးတာ

အဲ့လိုအလိုကြပ်ကြပ်လိုက် မင်းအကိုအပျင်းတစ်
ပြီးဆိုးလာလိမ့်မယ်တဲ့

ဟွန့်မေမေပြောချင်တာ
ပြောပါစေ အချိန်တန်လို့ကျနော်ပူစာလိုက်ရင်
သူရကအဆင်သင့်

သူရကအဲ့လိုကျနော့်ကို
အလိုလိုက်သဖြင့် ကျနော်ခင်တွယ်မိတာမဆန်း
ပါ

သို့ပေသည့် အခုတော့ဘမန္တလေးကိုပြန်ရ
တော့မည်

ဟိုရောက်ရင်သူရကိုကော
မေမေတို့ကိုပါလွမ်းနေရတော့မှာ

ကျနော်တွေးနေတုန်းရှိပါသေးသည်
ခြံထဲကိုအေးဆေးစွာဝင်လာတဲ့သူရကိုတွေ့လိုက်
ရပါသည်

ထို့နောက် ကျ နော့်ဆီတည့်တည့်လာပြီး
ဘေးနားတွင်ဝင်ထိုင်ပါသည်

"ကိုခန့် ...ခင်ဗျားဒီဒန်းကိုအဲ့သလောက်တောင်
ကြိုက်ရသလား....ဒီမှာလာမထိုင်ပါနဲ့....
လေစိမ်းတွေတိုက်တယ်....အိမ်နဲ့နဲနဲနဲလှမ်း
တယ်လေ....ခင်ဗျားအေးဆေးစာဖတ်ချင်တာ
ကိုသိပေမဲ့....ခနခနအအေးမိလို့...ဒီမှာမထိုင်
စေချင်တာပါ...မန္တလေးကိုကောဖြုတ်ထည့်ပေး
လိုက်ရအုံးမလား....."

home(complete)Where stories live. Discover now