part-16

1K 86 2
                                    

Unicode

2019 july 22

ရက်အားဖြင့်ဆိုရသော် တနဂ်နွေနေ့

ယနေ့တွင်ကျနော့်စေ့စပ်ပွဲကိုအကျင်းချုံ့ကျင်းပကြသည်

ရပ်ကွက်လူကြီးများနှင့်နှစ်ဖက်မိဘများသာ
ပါသောစေ့စပ်ပွဲမျှသာဖြစ်၍

အသိအနဲငယ်သာ
လာရောက်ဂုဏ်ပြုပေးကြသည်

ကျနော်ပျော်နေလားမေးရင်တော့
မပျော်နေပါဘူး

ရင်ထဲမှာလဲအဆင်ပြေမနေပါဘူး

ကျနော့်ကိုချောင်ကပ်ပြီးတစ်စိုက်မတ်မတ်
ဝမ်းနဲနေသောမျက်လုံးများနဲ့ကြည့်နေတဲ့သူ့ကို
မြင်ရတာရင်ထဲစို့ကြပ်လာသယောင်

စေ့စပ်ပွဲပြီးတော့ မေမေကအန်တီ(သူရအမေ)
နှင့်ပြည်ကိုအရေးကြီးကိစ္စဖြင့်ဗြုန်းစားကြီး
ညတွင်းချင်းသွားကြသည်

ဘာကိစ္စကြောင့်ဆိုနာတော့မပြောခဲ့၍မသိလိုက်
ရပါ

သူရကညနေကထဲကအိမ်ရောက်နေတာ
ဖြစ်သည်

ငယ်လေးကမေမေနှင့်ပါသွားသဖြင့်
အိမ်မှာထုံးစံအတိုင်းကျနော်တစ်ယောက်ထဲသာ

6နာရီထိုးတော့ရေချိုးမိုးကာအောက်ဆင်းလာ
လိုက်သည်

သူရကတော့ခြံထဲမှာပဲရှိအုံးမည်ထင်သည်

ထမင်းစားခန်းထဲဝင်လိုက်တော့

စားပွဲပေါ်မှာ ပုလင်းပိုက်ပြီးမှောက်နေသောသူရ
ကိုတွေ့လိုက်ရ၍လန့်သွားပါသည်

တစ်ကြိမ်......

"ဒီအတိုင်းအိပ်နေရင်တော့...ဇာတ်နာတော့မှာပဲ
......သူရ.....သူရ....ဟျောင့်....ထစမ်း....
...ငါတွဲကူပေးမယ်....ရေချိုးပြီးအိပ်တော့နော်.
...."

"အင်းး......"

ထို့နောက်သူရကိုတွဲလိုက်ကာရေချိုးခန်းဆီသို့

ကျနော့်ထက်နှစ်ဆကြီးနေ၍သယ်ရတာလွယ်ကူ
မနေပါ

နောက်ဆုံးတော့ခက်ခက်ခဲခဲရေချိုးခန်းထဲသို့ရောက်လာပါတော့သည်

ရေချိုးခန်းနံရံကိုမှီခိုင်းထားပြီး ရေနွေးစပ်ရပါသည်

home(complete)Where stories live. Discover now