part-14

986 82 0
                                    

Unicode

သူရusကိုပြန်သွားတာတစ်ပတ်ရှိပြီ

မပြန်ခင်ပြောသွားပါသေးတယ်ဘာတဲ့

ကျနော့်ကိုအခြားလူတွေနဲ့အောင်သွယ်မလုပ်ပါ
နဲ့ဆိုလား

ဒါပေမဲ့ ငါမင်းအမေကိုကတိပေးထားတယ်လေ

မင်းအတွက်လိုက်ဖက်တဲ့လက်တွဲဖော်ကိုရှာပေးပါ့မယ်လို့

မင်းငါ့ပေါ်ခနတာစိတ်ကစားတာနေမှာပါ

အတုယူမှားပြီး ငါ့ကိုချစ်တယ်လို့ထင်နေတာနေ
မှာပါ

ငါ့လိုလူကို ဘယ်သူမှမချစ်ကြပါဘူး

ချစ်ခဲ့တယ်ဆိုရင်တောင် အချိန်တန်ရင်
ငါ့ကိုထားသွားကြမှာ စဝ်လိုပေါ့

အခုဆိုရင်စဝ်လဲပျော်နေလောက်ပြီ နန်းနဲ့ပေါ့

ငါမယုံရဲဘူး

ငါထပ်နာကျင်ရမှာကြောက်တယ်

ခဲမှန်ဖူးတဲ့ငှက်တွေလိုပဲ ငါ့အချစ်ကထပ်အထိအခိုက်မခံတော့လို့ပါ

အဲ့တော့မဖြစ်ခင်ကဝေးဝေးနေတာကောင်းပါတယ်

အဲ့လိုမျိုးစိတ်ဆုံးဖြတ်ထားပေမဲ့......

လက်တွေ့မှာတော့ မင်းဟာ ငါ့ရင်ထဲမှာ
နက်ရှိုင်းစွာ နေရာယူပြီးနှင့်ပြီ

မဖြစ်သင့်ဘူးလို့အတန်တန်တားထား
သတိတွေအထပ်ထပ်ထားခဲ့တဲ့ကြားထဲက
ငါမင်းကိုထပ်ချစ်မိသွားပြန်ပါတယ်

ငါသေချာသိသွားတာက

မင်းပြန်လာခဲ့တဲ့အချိန်ကပေါ့

မင်းဟာအရင်ကထဲကငါ့ရင်ထဲမှာရှိနေနှင့်တာကို
အဲ့တော့မှသေချာသိသွားတာ

မင်းပြန်လာတော့ငါဘယ်လောက်ဝမ်းသာလိုက်ရ
သလဲ

ငါမျက်ရည်ကျမိမတတ်ဝမ်းသာသွားတာ

မှန်သောစကားပါ မင်းကိုပြန်တွေ့လိုက်ရတော့
ငါ့ကမ္ဘာကြီးဟာပိုပြည့်စုံသွားသယောင်

အဲ့တာမို့ ငါအားတင်းပြီးဆုံးဖြတ်လိုက်တယ်

မင်းကိုမေးကြည့်ရမယ်ပေါ့

ငါ့ကိုကောအရင်ကလိုချစ်သေးလားလို့

မင်းရဲ့မျက်ဝန်းတွေထဲမှာအဖြေရှာကြည့်တယ်

home(complete)Where stories live. Discover now