part-22

938 75 1
                                    

Unicode

"မေမေ....သားတို့လာတယ်....."

"အင်း.....ဝင်ခဲ့လေ......."

အိမ်ထဲသို့ဝင်လာကထဲကမေမေဟာဧည့်ခန်း
ထဲမှာထိုင်နေသောမေမေဟာ တည်ငြိမ်လျက်

"သားလို့မေမေ့ဆီလာရတဲ့အကြောင်းအရင်းကို
မေမေသိမယ်လို့ထင်ပါတယ်......"

"အင်း......မေမေသိပါတယ်......
နောက်ဆုံးတော့အချိန်ကျလာပြီပဲ......"

ခပ်ယဲ့ယဲ့အပြုံးတို့ဖြင့်တည်ငြိမ်စွာပြောလာပါသည်

"သားတို့သေချာပြီလား....
သားတို့ရွေးချယ်လိုက်တဲ့လမ်းက.....
...အတိုက်အခိုက်များတယ်.....
....လူတွေနဲ့ဆန့်ကျင်နေနိုင်တယ်....
ပြီးတော့တော်ရုံတန်ရုံချစ်တာလောက်နဲ့.....
..တည်ဆောက်ထားတဲ့ relationship. ...
မဟုတ်တဲ့အတွက်....အထိအခိုက်မခံဘူး....
သာမန်အတွဲတွေတောင်....မမြဲကြတာတွေရှိတယ်.........

အဲ့တာကြောင့်မေမေ မေးချင်တာက.....
သားတို့အတူလက်တွဲဖို့သေချာပြီလား....."

"သားတို့သေချာစဉ်းစားပြီးမှ.....
....ဖြစ်နိုင်ခြေတွေအကုန်ထည့်တွက်စဉ်းစား
ပြီးမှ....လက်ထပ်ဖို့ရွေးချယ်ခဲ့တာပါအန်တီသက်
.......သားတို့နောက်ဆုတ်ဖို့အစီအစဉ်မရှိသလို.....ကိုယ်ရွေးချယ်လိုက်တဲ့အရာကို
နောင်တလဲမရပါဘူး.......အန်တီသက်စိတ်ချပါ....

ကျနော်ကိုခန့်ကိုလက်တွဲမဖြုတ်ဘူးလို့ကတိပေးပါတယ်......"

"အန်တီဝမ်းသာပါတယ်...သားခန့်ကဒီလိုပြောလာမယ်လို့မထင်ထားခဲ့ဘူး....သူရကိုအန်တီစိတ်ချချင်တယ်သားခန့်.....မင်းတို့ကိုကန့်ကွက်ဖို့အန်တီဆန္ဒမရှိပါဘူး....

လူ့ဘဝကရခဲတယ်သားတို့ရဲ့.....တိုတောင်းတဲ့..
အချိန်လေးမှာ.....ချစ်ရတဲ့လူနဲ့....ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းစေချင်တာ....အန်တီ့ရဲ့ ဆန္ဒပါ
....အန်တီ့သားရဲ့လက်တွဲဖော်ဟာ...
မိန်းကလေးဖြစ်ရမယ်လို့လဲတစ်ယူမသန်ခဲ့ဘူးဆိုရင်လိမ်ရာကျမှာပေါ့.....
ဒါပေမဲ့လဲသားရဲ့လက်တွဲဖော်ဟာယောက်ကျားလေးတစ်ယောက်ဖြစ်နေတဲ့အတွက်တော့
အန်တီဝမ်းနဲမနေပါဘူး.....သားတို့ပျော်ရွှင်နေရင်...... အန်တီကျေနပ်ပါတယ်....."

home(complete)Where stories live. Discover now