part-25

894 67 2
                                    

Unicode

မဂ်လာဆောင်ပြီးတစ်ပတ်ကြာတော့
ကျနော်လဲအလုပ်ပြန်ဆင်းရသလို
သူရကလဲမန္တလေးသို့ဆင်းသွားသည်

​မန္တလေး branch သို့ရွှေ့ပြောင်းလာတဲ့သူရဟာ
တစ်ပတ်သုံးရက်လောက်တော့အိမ်ပြန်လာသည်

ရေခြားမြေခြားအဝေးကြီးမဟုတ်၍တော်သေး
သည်ဟုဆိုရမည်

ယူပြီးခါမှပိုပြီးလွမ်းလာသယောင်

မတွေ့ရမနေနိုင်အောင်လွမ်းလာသည့်နေ့များလာသည်

"ကတောင်....."

Messageအသံကြောင့်phoneဖွင့်ကြည့်လိုက်တော့ wattpadကnotiဝင်တဲ့အသံ

ကျနော်လဲသူရကိုစောင့်နေရင်းအားနေသဖြင့်
Wattpadထဲဝင်လိုက်သည်

လူချင်းမတွေ့ဖြစ်ရင်ညဖက်တွေonlineပေါ်မှာ
အမြဲတစ်ယောက်ကိုတစ်ယောက်စောင့်နေတတ်ကြသည်

Yi hyung koo update -royal lotus
တဲ့
ချက်ချင်းပဲဝင်ဖတ်နေလိုက်တယ်

စာဖတ်နေတုန်း

"ကတောင်......"

သူရဆီမှ message
chat head ကိုအောက်သို့အမြန်ဆွဲချလိုက်သည်
စာဖတ်နေတာအရှိန်ပျက်တယ်တကယ်ထဲ

စာလေးတစ်ပိုဒ်တောင်ဖတ်လို့မဆုံးသေး
နောက်ထပ် messageတစ်ခု

Chat headကိုနောက်ထပ်အောက်သို့ဆွဲချထား
လိုက်သည်

ထို့နောက်စာဖတ်လို့ပြီးသွားတဲ့အထိmessage
ပို့မလာတော့ပါ အခုချိန်လောက်ဆိုစိတ်ဆိုးနေလောက်ပြီ

ကျနော်လဲ messanger ထဲအမြန်ဝင်လိုက်ကာ
သူရပို့ထားတဲ့messageတွေကိုပြန်ဖတ်လိုက်သည်

"ကျနော့်ယောကျာ်းလေး...ဘာလုပ်နေတာလဲ"တဲ့
"Replyကြာလိုက်တာ....wpထဲရောက်နေပြန်ပြီမလား...."တဲ့

ကျနော်လဲရီရုံသာတတ်နိုင်တော့တယ်

Vedio callခေါ်လိုက်တော့
ချက်ချင်းကိုင်လာတဲ့သူရဟာ
ရေစက်လက်နှင့်ကိုယ်လုံးဗလာ
တံတွေးပါသီးချင်သွားသည်

ကိုယ့်ယောက်ကျားကိုယ်ပြန်ငမ်းနေရတဲ့အဖြစ်
ဘယ်ဘဝကဝဠ်ကြွေးတွေပါလိမ့်

"မင်းရေချိုးတာနောက်ကျတယ်နော်....."

"အင်း...ဟုတ်တယ်...ကျနော်အလုပ်တွေအပြတ်ဖြတ်နေလို့....နောက်ကျသွားတာ......
စားပြီးပြီလား....."

home(complete)Where stories live. Discover now