part-3

1.7K 131 3
                                    

Unicode

"သားဘာဖြစ်လာတာလဲတုန်တုန်ယင်ယင်နဲ့"

ကိုခန့်တစ်ယောက်အိမ်ထဲ၀င်လာတာ
မူမမှန်လို့ဒေါ်သစ္စာလှမ်းမေးလိုက်တယ်

"ဘာမှမဟုပ်ပါဘူးမေမေ......
သားခွေးတွေ့လာလို့ပါ"

"ဟယ် .....သားရယ်ဘာဖြစ်သွားသေးလဲ.....
ကိုယ်နဲ့အဲ့တာတွေနဲ့မတည့်တာသိရက်နဲ့....
သတိထားမှပေါ့.....ပြစန်းမေမေ့ကို....
အလက်ဂျစ်ထသွားသေးလား....
ခွေးအမွှေးနဲ့မတည့်တာကိုသားရယ်.....
နောက်ဆိုသတိထားပါကွယ်.. ."

ဟင်းးးးး

အသက်သာ၂၀ကျော်နေပေမဲ့ကျွန်တော်
ကအမေ့မျက်လုံးထဲတွင်ငါးနှစ်သားလေးသာသာ
မျှသာရှိသည်ထင်သည်

အော် ငါ့မေမေကတော့လေ

ခန့်သူပြုံးသာပြုံးမိတော့သည်

ကျွန်တော်လဲအိမ်ကိုလာတဲ့မေမေ့ဧည့်သည်တွေ
ကိုဧည့်ခံနေလိုက်တော့သည်

အပြင်ကိုထပ်မထွက်ချင်တော့၍မိကျေးဉကိုသာ
ပို့ခိုင်းလိုက်တော့သည်

ကျွန်တော်လဲရေမိုးချိုးပြီးဟိုဖက်အိမ်သို့သာချီ
တက်ခဲ့လေတော့သည်

မေမေ၀ယ်ပေးထားထားသောအကျီ လက်ရှည်
လည်း ကျွန်တော်အပြင်သိပ်မထွက်၍ မ၀တ်ဖြစ်

ထို့ကြောင့်အလျှူလေးဘာလေးသွားရင်း
ထုတ်၀တ်လိုက်သည်

အမယ် ငါ့‌ေမမေကအရွေးတော်သားပဲ

ရှေ့ရောက်တော့ကျနော်ခြံထဲကိုကြည့်လိုက်
တယ်

လူတွေကကိုယ့်အလုပ်နဲ့ကိုယ်မို့လို့ထင်
သည်ကျွန်တော့်ကိုသတိမထားမိကြဘူး

ကျနော်လဲယောင်လည်လည်နှင့်ပင်အိမ်ထဲ၀င်
လာလိုက်တော့သည်

မကြာပါအိမ်ထဲတွင်ဧည့်ခံနေသောခလေးလူကြီး
လေးက ကျွန်တော့်ကိုမြင်သွားပြီး
အပြေးလာကာကျွန့်တော်ကိုနေရာချပေးပါသည်

ကျွန်တော်လည်းသူထိုင်ခိုင်းသည့်နေရာတွင်သာ
၀င်ထိုင်နေလိုက်တော့သည်

"ဟျောင့်.... ခန့်သူ.... ငါလာတယ်ဟေ့"

"ဟာဟျောင့် ....စ၀်ခွန်မှိုင်း မင်းမန္တလေးကနေ
ဒီကိုဘယ်လို ရောက်လာ တာလဲ..."

home(complete)Where stories live. Discover now