part-1

5.9K 212 0
                                    

Unicode

နေကပူဗိုက်ကဆာဟူးးးးးးးးးးး

"မေမေရေ သားလမ်းထိပ်သွားလိုက်အုံးမယ်နော်"

"ဟမ် မေမေ့အတွက်မုန့်ဟင်းခါးလေးပါ၀ယ်ခဲ့ပါအုံးကွယ်ဘူးသီးကြော်လေးနဲ့နော်"

"ဟုပ်မေမေသားသွားတော့မယ်နော်"

"အေးအေး"

ပြောပြီးတာနဲ့စက်ဘီးလေးယူပြီးလမ်းထိပ်သို့ချီတက်လိုက်တော့တယ်

လမ်းကကြမ်းတော့စက်ဘီးယူမိတာတောင်မှားသွားပြီလားလို့တောင်ထင်မိလိုက်တယ်ငါလူးမဘ၀

လမ်းထိပ်ရောက်ခါနီးနောကျဆုံးပေါ်ကားလေးတစ်စီးကကျနော်တို့လမ်းထဲ၀င်လာတာကို
တွေ့လိုက်တယ်

ကျတော်တို့ရပ်ကွက်ကလူလတ်တန်းစားတွေနေတဲ့ရပ်ကွက်မို့လို့ကားပိုင်တဲ့အိမ်တွေသိပ်မရှိကြဘူး

ဘေးနားကကားလေးဖြတ်သွားတာကိုအမှတ်မထင်ဘဲလိုက်ကြည့်မိလိုက်တယ်

ဦးလေးအရွယ်သတ်လတ်ပိုင်းဦးလေးကကားမောင်းနေရင်း
ဘေးခုံမှာထိုင်နေတဲ့သူ့ရဲ့ဇနီးလို့ထင်ရတဲ့သက်လတ်ပိုင်းအရွယ်အန်တီကြီးကိုစကားတွေပြောရင်းရီမောနေကြတယ်

အနောက်ခန်းကမှောင်နေလို့သေချာမမြင်ရပေမဲ့ကလေးအရွယ်အရိပ်နှစ်ခုကိုတွေ့လိုက်မိတယ်

ကျနော်လည်းအတွေးတွေလွန်နေလိုက်တာ

ဟိုကကားကဖြင့်လမ်းထဲချိုး၀င်သွားတာကြာပါပေါ့လား

"ဟင်းးးးးးးးးးကဲကဲရှိန်းသူရရေဒီနေ့မုန့်ဆိုင်ရောက်ဦးမှာလားဟ"

အတွေးတွေကိုရပ်ပြီးစက်ဘီးကိုခပ်သော့သော့နှင်လိုက်တော့တယ်

ကျတော့ရဲ့ဦးတည်ရာကတော့မေမေမှာတဲ့မုန့်ဟင်းခါးဆိုင်ကိုပေါ့

မုန့်ဟင်းခါးဆိုင်နားလဲရောက်ရောလူတွေအုံနေတာတွေ့လိုက်တယ်

ညနေလေးနာရီ၀န်းကျင်မို့လို့ထင်သည်ကျောင်းဆင်းရုံးဆင်းဈေး၀ယ်သူများကြက်ပျံမကျစည်ကားလှသည်

ကျွန်တော်လည်းစက်ဘီးလေးကိုမုန့်ဟင်းခါးဆိုင်နားခနရပ်ခါဆိုင်ထဲသို့၀င်လာလိုက်တယ်

home(complete)Where stories live. Discover now