part-5

1.2K 110 2
                                    

Unicode

ဟိုတနေ့ကအတင်းဖက်နမ်းခံရပြီးနောက်
ခန့်တစ်ယောက်ကျွန်တော့်ကိုပတ်ရှောင်နေတာ
တစ်ပတ်လောက်ပင်ရှိရော့မယ်

အဲ့နေ့ကသူ့ကိုစချင်ယုံသက်သက်နမ်းလိုက်မိ
တာကို

စကားကြီးစကားကျယ်တွေပြောသွား
သောအဖိုးကြီးပေါက်စကိုနေရာမှာတင်ဆွဲမွှေ့
လိုက်ချင်ပေမဲ့

မျက်လုံးတွေပါရဲပြီးတကယ်
စိတ်ဆိုးသွားတာ‌ေကြာင့်လွှတ်ပေးလိုက်ရသည်

ဒီနေ့တော့မရရအောင်စကားလိုက်ပြောရမည်

မနေနိုင်သူကလိုက်ပြောရမည်မို့လား

အောက်ဆင်းကြည့်တော့နံနက်စာပြင်နေသည့်
ခန့်ကိုတွေ့သည်

ထမင်းစားခန်းထဲ၀င်လာတော့အခန်းထဲမှာ
လူရှင်းနေသည်

ခန့်ကလဲသူ့အာရုံနှင့်သူမို့ ကျ‌ေနာ်၀င်လာတာ
သတိမထားမိပါ

ကျနော်လဲသူ့အနောက်မှာရပ်ကာ
အနောက်မှသိုင်းဖက်လိုက်သည်

လန့်သွား၍ထင်သည်တစ်ချက်တုန်သွားသည်

ရုန်းတော့မရုန်းပေ

ငါသိတာပေါ့ ခန့်ငါ့ကိုအကြာကြီးစိတ်မဆိုးနိုင်
ဘူးဆိုတာ အဲ့တာတွေကြောင့်ငါမင်းကို
မစွန့်လွှတ်နိုင်တာခန့်

မင်းဖယ်တော့လေကွာ တော်ကြာနေမေမေ
ဆင်းလာတော့မှာ

ငါတောင်းပန်ပါတယ် မင်းငါ့ကိုအဲ့လောက်ကြီး
စိတ်ဆိုးသွားမယ်လို့မထင်မိလို့ပါ

ငါမနက်ဖြန်မန္တလေးကိုပြန်တော့မယ်

နန်းကလွမ်းနေပြီတဲ့

ကျနော့်ကိုလာချော့နေလို့ပျော်နေတဲ့အပျော်
လေးဟာ

သူ့ရဲ့နောက်ဆုံးပြောလိုက်တဲ့စကား
ကြောင့် ရင်ထဲစို့နင့်သွားသည်

မင်းသိပ်ရက်စက်တယ်စဝ်

ကျနော်လဲဆက်ပြီးနားမထောင်ချင်တော့၍
သူ့လက်မောင်းတွေထဲကရုန်းထွက်လိုက်သည်

ပြီးတော့ဘာစကားမှမပြောပဲ‌မီးဖိုချောင်ထဲက
ထွက်ခဲ့သည်

home(complete)Where stories live. Discover now