part-30

942 67 3
                                    

Unicode

ညနက်လာသော်လဲအိပ်ယာအပြောင်းအလဲကြောင့် အိပ်လို့မပျော်

ဟိုဖက်လှိမ့်ဒီဖက်လှိမ့်နှင့်ပင်အိပ်ပျော်အောင်မနဲကြိုးစားနေရသည်

ငြိမ်သက်သောပတ်ဝန်းကျင်ကြောင့်
အစောပိုင်းကအဖြစ်အပျက်တွေကမျက်လုံးထဲ
ပြန်မြင်ယောင်လာသည်

ကျနော်လွန်သွားတာလဲသိပါသည်

သို့သော်.....သူ့အတွက်......ကျနော်ဘယ်လိုလုပ်ပေးရပါ့မလဲ...

ကလေးသိပ်ချစ်တတ်သောသူရက
ကျနော့်ကိုရွေးချယ်လိုက်လို့..
သူ့ရင်သွေးရမယ့်အခွင့်အရေးတွေရေစုံမြောသွားပြီ

ကျနော်လက်မလျော့ပါဘူး
ဘန်ကောက်ကဆရာဝန်တွေနဲ့တိုင်ပင်ထားပြီးပြီ

လွန်ခဲ့တဲ့သုံးလလောက်ထဲကသူရ ရဲ့သုတ်ပိုးကိုယူပြီး
အငှားကိုယ်ဝန်ဆောင်နဲ့အပ်ထားပြီးပြီ

ကျနော့်သွေးသားမဟုတ်ပေမဲ့
ကျနော်သိပ်ချစ်တဲ့လူသားရဲ့ကိုယ်ပွားလေးမို့
အချစ်ပိုရပါသည်

သူရသိရင်စိတ်ဆိုးမလားအဲ့တာထက်ပိုမလားတော့
မသိပေမဲ့ ကျနော်ထိုကလေးကိုအဆုံးစွန်ထိကာကွယ်ပေးသွားမှာပါ

အခုဆိုရင် အငှားကိုယ်ဝန်ဆောင်တဲ့အမျိုးသမီးကို ကျနော်ပိုင်တဲ့အိမ်လေးမှာခေါ်ထားခဲ့တာ တစ်လလောက်ရှိခဲ့ပြီ

သူရမသိအောင်ခိုးလုပ်ရတာလွယ်တဲ့အလုပ်မဟုတ်ခဲ့ဘူး

အလုပ်ပြီးရင်အမြဲသွားကြည့်ရတယ်

လိုအပ်တာဝယ်ပေး အကုန်တစ်ယောက်တည်းလုပ်ရတော့ စိတ်ကမကြည်တော့ဘူး

သူရကမျက်စိဒေါက်ထောက်လိုက်ကြည့်နေတော့
ပိုဆိုးကော
ဒီနေ့လိုစကားများပြီးထွက်လာတာ
ရင်ထဲနေလို့မကောင်းပေမဲ့ အိမ်ကထွက်လာလက်စနဲ့
တစ်ပတ်လောက်နေလိုက်တော့မယ်လို့ဆုံးဖြတ်ထားတယ်

ဗိုက်ကလရင့်လာရင်ထိုင်ရထရလွယ်မှာမဟုတ်
တော့ဘူး
အဲ့တော့အိမ်ကိုပြန်ပြင်ရအုံးမယ်

ကျနော့်အိမ်လေးကအိပ်ခန်းနှစ်ခန်း၊မီးဖိုခန်း၊ရေချိုးခန်း၊သိပ်မကျယ်လှတဲ့ဧည့်ခန်းရယ်ပဲရှိတဲ့အတွက်
သိပ်မကြီးပါဘူး

home(complete)Where stories live. Discover now