part-10

1.1K 94 2
                                    

Unicode

ထူးထူးဆန်းဆန်း မနေ့ကတစ်ရေးမှမနိုးဘဲ
အိပ်ပျော်သွားသည်

အိပ်မက်ထဲတွင်
ခွေးအကြီးကြီးတစ်ကောင်ကိုဖက်အိပ်နေရသည်
ဟုအိပ်မက်မက်သည်

အရမ်းနွေးလွန်း၍ ထိုခွေးကြီးကို
ရင်ခွင်ထဲတိုး၍ အိပ်ပြစ်လိုက်သည်

သို့ပေသည့် အိပ်မက်မို့ထင်သည်

ခွေးကြီးက luxရေချိုးဆပ်ပြာနံရသည်

ကျနော်ခွေးကြီး၏ခေါင်းကိုစမ်းလိုက်သည်

ခွေးကြီးကအတော်ပင်အမွှေးရှည်နေလေပြီ

အမွှေးလေးကနူးညံနေတာပဲ ကိုင်လို့ကောင်း
လိုက်တာ

လက်ကစမ်းရင်းစမ်းရင်း မျက်နှာနားရောက်
သွားသည်

ဟင်....ဒီခွေးကနှုတ်သီးတိုတိုလေးဟ
ပြီးတော့သေးသေးလေး

ပြီးတော့ကျနော်နားရွက်ဖားဖားကြီးတွေကို
လိုက်စမ်းသည်

ဟင်....ဒီခွေးနားရွက်လဲတိုတိုလေးဟ
နေပါအုံး

တဖြေးဖြေးနဲ့လက်ကအောက်ဖက်ရောက်လာ
ပြီးကြွက်သားမာမာကြီးတွေကိုစမ်းမိလိုက်ချိန်
မှာတော့တစ်ခုခုလွဲနေပြီဆိုတာ
ကျနော်အတပ်သိလိုက်ပါပြီ

ထို့နောက်မျက်လုံးကိုဖြေးဖြေးလေးဖွင့်ပြီး
ကျနော်မော့ကြည့်လိုက်သည်

သူရ၏အကြည့်နှင့်ဆုံသည် what the hell!

ကျနော်လဲချက်ချင်းဆိုသလိုကုတင်ပေါ်ကလန့်
ကာပြုတ်ကျသွားသဖြင့်ခါးကမျက်ခနဲ

ရှက်လဲရှက် နာလဲနာ ရှက်နာကြီးကိုဖြစ်လို့

သူ့ကိုကြည့်တော့ဘာမှမဖြစ်သလိုပင်

ကျနော်လဲချောင်းဟန့်လိုက်ပြီး
ဟန်မပျက်စကားစပြောလိုက်သည်

"အဟမ်း...... မောနီးသူရ....ငါညကအိပ်တာ
ကြမ်းသွားတာ်ထင်တယ်....မင်းနားပါရောက်လာတယ်....စောတီး.....အဟမ်း....
ငါရေချိုးလိုက်အုံးမယ်...."

ကျနော်လဲရေလဲပုဆိုးကိုပခုံးပေါ်တင်တာရေချိုး
ခန်းထဲဝင်ခဲ့လိုက်တော့သည်

home(complete)Where stories live. Discover now