part-29

864 66 0
                                    

Unicode

"သူရ........"

"ဗျား......"

"ငါမေမေတို့ကိုတွေ့ချင်တယ်......သကြ်န်အမှီလေးပြန်ကြရအောင်...ရန်ကုန်ကို...."

"မဖြစ်ဖူးလေအကိုရယ်....ရောဂါတွေနဲ့...

ပြီးတော့အခုရန်ကုန်မှာရောဂါပိုးတွေ့ရှိတဲ့လူနာတွေထားတာ......
မေမေတို့ကိုတောင်ဒီခေါ်မလားတွေးနေတာ.....
stay homeမို့လို့ဘယ်သူမှအပြင်ထွက်မရဘူးလေ...
ပြီးတော့အပြောင်းအရွှေ့မလုပ်တာအကောင်းဆုံးပါအကိုရယ်......
ဒီအချိန်ကအိမ်ထဲမှာပဲနေတာအကောင်းဆုံးပဲ...
ရောဂါကြီးပျောက်မှသွားတွေ့ပါအကိုရယ်နော်...."

"ငါက...မေမေတို့ကိုလွမ်းလို့ပါကွ....
...ငါအိမ်ထောင်ပြုပြီးကထဲက...မေမေနဲ့သေချာမတွေ့ရသေးဘူး....."

"ကျနော်သိပါတယ်အကိုရယ်....ဒါပေမဲ့ဘာတတ်နိုင်မှာလည်း.....ေရာဂါကြီးပျောက်မှ
အကိုလုပ်ချင်တာအကုန်လုပ်နော်...အခုတော့သည်းခံလိုက်ပါအုံး...."

"အင်း........."
.
.
.
..
.
.
.
.
"အကို...ဒီနေ့ပြန်လာတာနောက်ကျတယ်နော်."

".....အင်း......."

အိမ်အပြန်နောက်ကျသည့်အပြင်မျက်နှာမကောင်းသောအကိုဟာ ကျနော့်စကားကို
ဖြေယုံသာဖြေပြီးအိမ်ထဲဝင်သွားလေတယ်

ဒီရက်ပိုင်းအကိုဟာစကားနည်းလာပြီး
ကျနော့်ကိုသိသိသာသာရှောင်လာတယ်

မေးလို့လဲမရဘူး ဘယ်နားကစမှားနေတာလဲသတိမထားမိခင်မှာ အကိုနဲ့ကျနော်ကအတော်အလှမ်းဝေးနေခဲ့ပြီ

ဘယ်အချိန်ကမှန်းမသိခဲ့ပေမဲ့ တဖြေးဖြေးကျနော်တို့ကြားအေးစက်လာတာကိုတဖြေးဖြေးသိသာလာခဲ့တယ်

အရင်က ကျနော့်ရင်ခွင်ထဲထည့်ထားပေးမှ
အိပ်ပျော်သောအကိုဟာ ကျနော်နဲ့အသားချင်း
တောင်မထိပဲအခြားတစ်ဖက်သို့လှည့်လှည့်အိပ်
နေတာကြာခဲ့ပြီ

အစပိုင်းသတိမထားမိပေမဲ့လည်း တစ်ပတ်ကျော်လာတော့ ကျနော်မနေနိုင်တော့ပါ
ရင်ခွင်ထဲကဖက်အိပ်နေကျ ခန္ဓာကိုယ်သေးသေးလေးရယ် ကျနော့်ကိုအမြဲယစ်မူး
စေတတ်သောကိုယ်သင်းရနံ့လေးကနီးလျက်နဲ့
ဝေးနေခဲ့လေပြီ

home(complete)Where stories live. Discover now