part-8

1.1K 96 1
                                    

Unicode

မဟုပ်ဖူးလေ

စဝ်ကိုရှင်းပြရမယ်

ငါကဒီအတိုင်းမှီထားတာလို့

ကျနော်သွားပြောမယ်ကြံတော့

စဝ်ကတဖြေးဖြေးနန်းအနားကိုပိုတိုးလို့ကပ်သွား
ပြီး နန်းရဲ့မေးဖျားလေးကို လက်တစ်ဖက်နဲ့
ညင်သာစွာပင့်တင်လိုက်တယ်

ပြီးတော့ဖြေးဖြေးချင်းတိုးကပ်သွားပြီး
နှုတ်ခမ်းချင်းမထိခင်မှာပဲ
ကျွန်တော့်ကိုမဲ့ပြုံးနဲ့ကြည့်လာတယ်

ပြီးတော့ဆတ်ခနဲ နန်းရဲ့နှုတ်ခမ်းနှစ်လွှာကို
တပ်မက်စွာနမ်းရှိုက်လိုက်တယ်

ဘေးနားမှာရှိတဲ့လူတွေကလဲ
အားကျတဲ့သူနဲ့ဝိုင်းကြည့်တဲ့သူနဲ့

ကျနော်အဲ့မြင်ကွင်းကိုဆက်မြင်နိုင်စွမ်းမရှိတော့
ထိုနေရာမှအမြန်ဆုံးထွက်ပြေးချင်နေပြီဖြစ်
သည်

ကျနော်လူအုပ်ကိုပြန်တိုးထွက်လာလိုက်
သည်

လူအပူရှိန်ကြောင့်ထင်သည်
လူအုပ်ထဲတွင်မချမ်းပါဘဲနှင့်
လူအုပ်အပြင်ရောက်ခါမှ
လေတစ်ချက်အပင့်တွင် အသည်းထဲထိအေးနေ
အောင်စိမ့်သွားသည်

ချမ်းလွန်း၍ ရောက်ရာ
အရပ်တွင်ဒူးထောင်ထိုင်ချလိုက်မိသည်

ထိုအချိန်တွင်မှကုတင်ပေါ်မှာကျန်ခဲ့သည့်
ဂျင်းအနွေးထည်ကိုသတိရတော့သည်။

မျက်နှာကိုဝှက်နိုင်သမျှဝှက်ကာ
မျက်စိကိုမှိတ်ထားပါသော်လည်း

မမြင်ချင်သည့်မြင်ကွင်းက အနှေးပြကွက်
သဖွယ် ကွက်ကွက်ကွင်းကွင်း မြင်ယောင်လာ
သည်

မျက်ရည်များကိုလဲ မချုပ်တည်းထားတော့

ကျွန်တော်လဲအရမ်းပင်ပန်းနေပြီလေ

စဝ်ရေ မင်းကိုချစ်ရတာငါပင်ပန်းတယ်

ဒါပေမဲ့ ငါမင်းကိုချစ်နေတုန်းပဲ

"ကိုခန့် ဘာဖြစ်နေတာလဲ"

သူရအသံကြားလိုက်ပါသည်
ဟုပ်သားပဲသူရကငါနဲ့လိုက်လာတာပဲ

စိတ်တွေလွင့်နေတာကိုယ်နဲ့ပါလာတဲ့လူတောင်
မေ့ရတယ်လို့

home(complete)Where stories live. Discover now