part-19

1K 82 5
                                    

Unicode

Newyork မြို့ရဲ့အေးစိမ့်စိမ့်ရာသီဉတုမှာ
အကိုနဲ့ကျနော်ဟာလေမတိုးအောင်ဖက်ထား
ခြင်းဖြင့်အအေးဒဏ်ကိုအံတုနေကြသည်

အကိုသည်ကျနော့်ရင်ခွင်ထဲတွင်အိပ်ပျော်
နေသည်မှာခလေးလေးတစ်ယောက်လိုပင်

အပေါ်ကနေငုံ့ကြည့်လျှင်မြင်နေရသည့်
အကို့လည်တိုင်တွေမှာညိုပုပ်ပုပ်ရောင်အကွက်
များကနေရာယူလျက်

ကျနော်ကျေနပ်စွာပြုံးလိုက်ပါသည်

စောင်ကိုအသာလှပ်ကြည့်တော့

အကို့ရဲ့ရင်ဘတ်တွေကောကျောပြင်တွေပါ အကွက်တွေနှင့်

အကို့ကိုအတော်ပင်သနားသွားသည်

ကျနော်ကြမ်းသွားတယ်ထင်တယ်

မျက်နှာလေးကိုတစိမ့်စိမ့်ကြည့်နေရင်းမှ
ဖက်နမ်းပြစ်ချင်စိတ်တွေကတယားယား

အိပ်နေတုန်းမနှောင့်ယှက်တော့ဘူးလို့တွေးထား
ပေမဲ့

မျက်တောင်များကော့စင်းပြီးသွေးကြောများ
ယှက်ဖြာနေသောအကို့ပါးပြင်နုနုမှကိုက်ရာများ၊

ဖူးယောင်ချင်သလိုဖြစ်နေသောနှုတ်ခမ်းတို့က
ကျနော့်ကိုခနခနမြှူစွယ်နေပါသည်

အကို့ဆီကအချစ်ကိုမမျှော်လင့်ထားပေမဲ့
တကယ်တန်းအကိုကပြန်ချစ်လာတော့
ပြောမပြတတ်အောင်ဝမ်းသာမိပါတယ်

နောက်ဆုံးတော့ကျနော်စောင့်ရကြိုးနပ်ခဲ့ပြီ

ကျနော့်ဘက်သို့စောင်းအိပ်နေသဖြင့်
နှုတ်ခမ်းလေးကစူထော်နေသယောင်

ကျနော်မြတ်နိုးခြင်းများစွာနဲ့အကို့နှဖူးလေးကို
ညင်သာစွာနမ်းရှိုက်လိုက်မိတယ်

သိပ်ချစ်ရပါတယ်အကို

ထို့နောက်မျက်လုံးလေးပုတ်ခတ်ပုတ်ခတ်
လုပ်ကာဖြင့်နိုးလာသောအကို

ကျနော့်ကိုမော့ကြည့်ပြီးပြုံးပြလာသည်

အကို့အပြုံးတွေဟာကျနော့်အတွက်တော့
ဆုလာဒ်တစ်ခုသဖွယ်

"Morning. ......."

"Immm. ...morning. ...."

ငပျင်းလေးအကိုဟာသံရှည်ဆွဲ၍ပြန်နှုတ်ဆက်
လာပါသည်

home(complete)Where stories live. Discover now