part-17

982 78 3
                                    

Unicode

Emergency meeting ရှိကြောင်းအတွင်းရေး
မှုးမလေးဖုန်းဆက်လာ၍အိပ်ယာမှအလူးအလဲထရသည်

ဘေးနားကိုအလန့်တကြားကြည့်မိသည်

အကိုကရှိမနေတော့ ရင်ထဲကဆစ်ကနဲ

ကျနော်နဲ့တောင်အတူမအိပ်နိုင်လောက်အောင်
ကျနော့်အပေါ်နဲနဲလေးတောင်စိတ်မရှိဘူးလားဗျာ

ထို့နောက်ရေမိုးချိုးကာ luggage ထဲက
အနောက်တိုင်းဝတ်စုံပြည့်ကိုထုတ်ဝတ်လိုက်သည်

ရေမွှေးကမစွတ်တော့တာအကိုကျနော့်ရင်ထဲ
ဝင်လာပြီးကထဲကပဲ

ရေမွှေးနံကခေါင်းကိုက်ပါတယ်ဆိုတဲ့
အကို့ကြောင့် အနားကပ်မရမှာစိုးလို့
ရေမွှေးနဲ့ကင်းကင်းနေခဲ့တာခြောက်နှစ်ပင်
ကျော်ခဲ့လေပြီ

ကျနော်အကို့ကိုချစ်နေရတာလဲခြောက်နှစ်ပင်
ကျော်ခဲ့ပါပြီ

Necktie ချည်ပြီးတော့ဆံပင်ကိုနှစ်ချက်လောက်သပ်တင်လိုက်သည်

တကယ်ဆိုအကို့နားကထပ်မသွားချင်တော့ဘူး

ထို့နောက်ခြေသံဖွဖွနင်းကာအကို့အခန်းဖက်သို့

အခန်းတံခါးကိုမသံမမြည်အောင်ထိန်းဖွင့်လိုက်
တယ်

အေးချမ်းစွာအိပ်နေသောအကိုဟာ
ကျနော့်မနက်ခင်းလေးကိုရွှင်လန်းစေသည်

ထို့နောက်အိပ်မောကျနေသောအကို့နားသို့
အသာထိုင်ချလိုက်သည်

ကျနော်ချစ်ရတဲ့အကိုဟာ
ကျနော့်အချစ်တွေကိုဘယ်လောက်ပဲမသိချင်ယောင်ဆောင်ပါစေ

ကျနော်မမုန်းရက်ပါဘူး

ရင်ဘတ်ထဲကတဆစ်ဆစ်နာနေရုံကလွဲလို့
ကျနော်အဆင်ပြေပါတယ်

အေးချမ်းစွာအိပ်ပျော်နေတဲ့အကို့နားကို
ဖြေးဖြေးချင်းကပ်သွားပြီး
ပထမဉီးစွာ မြတ်နိုးခြင်းများစွာဖြင့်
နှဖူးလေးကိုညင်ညင်သာသာနမ်းရှိုက်လိုက်ပါသည်

ထို့နောက်ပန်းရောင်သမ်းနေသောပါးမို့တွေပေါ်သို့နှာခေါင်းဖျားလေးနစ်ဝင်တဲ့အထိနမ်းရှိုက်လိုက်ပါသည်

home(complete)Where stories live. Discover now