Jisooသည် ဟာတာတာဖြစ်နေသော ရင်ကိုသက်သာစေရန် ပန်းပင်ခြုံကြားထဲတွင်လျှို့ဝှက်စွာဖွက်ထားသောစီးကရက်ကို လူမသိအောင်ထုတ်ယူကာ လသာဆောင်၌ ဖွာရှိုက်လိုက်သည်။ Ellaများသိလျှင် နှစ်ပတ်လောက်အထိက စကားပြောတော့မည်မဟုတ်။စီးကရက်ကို အဆုတ်ထဲထိရောက်အောင် ဖွာရှိုက်ရင်း လွင့်ထွက်သွားသော အငွေ့တို့ကို လက်နှင့်ဖမ်းဆုပ်လိုက်သည်။လက်ထဲတွင် ဖမ်းမိသယောင်နှင့်ပျောက်သွားသော အငွေ့တို့ကို တဆွေးမြေ့မြေ့ ထိုင်ကြည့်နေမိသည်။ တကယ်ဆို သူမချစ်သော(ချစ်သည်ဟုထင်နေရသော)Jenသည်လည်း ထိုနည်းလည်းကောင်းပင်။ မိမိလက်ထဲတွင် ဟု ထင်ရသော်လည်း တကယ်တမ်းတွင်Jenကိုသူမ မပိုင်။နောင်တွင်လည်းပိုင်လည်းမပိုင် ဆိုင်လည်းမဆိုင်တော့မည်ကို ကြိုတွေးမိတော့ ဟာ တာတာဖြစ်နေသော ရင်သည် လေးလံမှုတို့ပြည့်သိပ်ကာ အသက်ရှုမဝသယောင်ပင်ဖြစ်သွားသည်။
"နင့်မားရေ" Ellaအသံကြောင့်သောက်လက်စစီးကရက်ကို ပန်းပင်ထဲတွင် ဖိချိုးပစ်လိုက်သည်။ ဆေးလိပ်အနံ့တို့ စွဲနေမလားဟု စိတ်တွင်စိုးရိမ်ကာ လသာဆောင်မှ မထွက်သေးပဲငြိမ်နေလိုက်သည်။
"Ellaလေး ဘာဖြစ်လို့လဲ" Jenက ညဝတ်အကျီ လွှားလွှားဖြင့် အပေါ်သို့တက်လာသဖြင့် Jisoo ပုန်းခိုကာ ချောင်းကြည့်လိုက်သည်။
"ကျောကုန်းယားလို့ကုတ်ခိုင်းမလို့ နင့်မားဘယ်သွားတာလဲဟင်"
"နင့်မား ရှိမှာပေါ့ Eallလေးရဲ့ အလုပ်လုပိနေတာနေမှာပေါ့ လာ..unnieကုတ်ပေးမယ်"
"ဟင့်အင်း ...မလိုဘူး နင့်မားပဲကုတ်ခိုင်းမှာ" Ellaက သူမလက်ကိုပယ်ချလိုက်သည်။ အရာရာကိုJisooကိုပဲအားကိုးနေသဖြင့် Jenက
"Ella အရာရာကို နင့်မားပဲအားမကိုးရဘူးလေ ..နင့်မားမှာသူ့အချိန်ရှိတယ် အချိန်မအားတဲ့အခါမျိုးကျရင်Unnieကိုခေါ်လို့ရတယ်လေ"
"ဟင့်အင်း ..နင့်မားက Ellaအတွက်ဆို မအားဘူးဆိုတာမရှိဘူး"
"ကဲပါ ..လာ အခန်းထဲမှာ နင့်မားကိုစောင့်နေရအောင်" Jenချော့ခေါ်တော့ Ellaက Jenလက်ကိုချိတ်ကာ အခန်းထဲသို့ ဝင်သွားလိုက်သည်။ Jisoo အခုမှသက်ပြင်းကို အေးအေးလူလူချနိုင်တော့သည်။
ရင်ဘတ်ကို လက်နှင့်ဖိလိုက်တော့ လက်တွင်စွဲကျန်နေသော ဆေးလိပ်အနံ့။ Jisoo အကျီကိုပါ ကိုင်ကြည့်ရင်းနမ်းလိုက်သည်။ သေပါပြီ။ စွဲကျန်နေသော ဆေး လိပ်နံ့တို့နှင့်Ellaအခန်းထဲဝင်လို့မဖြစ်။ အထူးသဖြင့်Jenရှိနေချိန်မှာပေါ့။ Jisooအကြံအိုက်သွားပြီးကာမှ
Jenအခန်းကိုသတိရသွားကာ တိုးတိုးတိတ်တိတ် ရေသွားချိုးရန် ပြင်လိုက်သည်။အခန်းတံခါးကို လော့ခ်မချထားသည်မို့ ကပျာကယာပင် ရေချိုးခန်းသို့ဝင်ကာ ရေချိုးနေလိုက်သည်။
YOU ARE READING
My mom lover is my sister
Fantasyအိပ်မက်တို့က လှပသလောက် လက်တွေ့တည်ရှိမှုက အကျည်းတန်နေသလို ဘယ့်နှယ်... ကိုယ့်မွေးစားသမီးကိုမှ အပိုင်လိုချင်တယ်တဲ့လား