Episode 21

1.9K 243 59
                                    

Jisoo တရွတ်တိုက်ဆွဲ​ခေါ်ရင်း jennieကိုကားထဲသို့ပစ်ထည့်လိုက်သည်။

            "အိမ်ကိုသာ​မောင်း "

အိမ်​ရှေ့တွင် ကားရပ်လိုက်သည်နှင့်  jennieကိုတရွတ်တိုက်ဆွဲ​ခေါ်လာခဲ့သည်။ဧည့်ခန်းက အိပ်ခန်းနဲ့နီး​နေတာမို့ မီးဖို​ချောင်သို့သာ ဆွဲ​ခေါ်လာလိုက်သည်။

              "ထိုင်အုံး jen"

အရင်ကလို တင်းတင်းမာမာမ​ပြော​တော့ပဲ ခပ်​အေး​အေးပဲဆုံးမဖို့သူဆုံးဖြတ်လိုက်သည်။ဒီကိစ္စက အရင်ကလိုမျိုး ဝုန်းဒိုင်းကျဲလို့မရ။အချစ်နဲ့ပက်သက်ရင် လူတိုင်းဟာ သိပ်ထိလွယ်ခိုက်လွယ်ကြတာမို့​လေ။

                  "​ပျော်ခဲ့ရဲ့လား jen"

ထိုင်လို့​ပြော​ပေမယ့်jenက​ရောက်ကတည်းက အဲ့မှာတင် ​ခြေစုံရပ်ထားသည်။​မေးတာလည်းမ​ဖြေပဲ ​အောက်ကကြမ်းပြင်​ကိုသာ​တွေ​တွေကြီးကြည့်လျက်။

                  "နင်အဲ့​လောက်တောင်မှ ရူးရလားjenရယ်"

စိတ်ပျက်ပျက်​လေသံ​ကြောင့် jenဆီမှရှိုက်သံ​တိုးတိုး​လေး Jisooကြားလိုက်မိသည်။လင်းထင်း​နေတဲ့မီး​ရောင်​ကြောင့် jennieမျက်နှာမှာ ရှိန်းထပြီးရဲတွတ်​နေတာမို့ jisooမီးဖို​ချောင်ကမီး​တွေကိုပိတ်ချလိုက်သည်။

               "​ဖြေစမ်းပါအုံး jennie ဒါကနင့်အတွက်First timeမလား"

မီးဖို​​ချောင်မှာမီး​ရောင်မရှိ​​တော့​ပေမယ့် ဧည့်ခန်းကအ​ရောင်​ကြာင့် jen​ခေါင်းငြိမ့်လိုက်တာကို jisooမြင်လိုက်သည်။

Jennieက​တော့jisooရဲ့ ​ကွေးညွတ်သွားတဲ့နှုတ်ခမ်း​လေး​တွေကို​တော့မြင်ရမယ့်ပုံမ​ပေါ်။jisooက အ​မှောင်ဘက်ပိုကျ​နေသည်မို့။

              "နင်သူ့ကိုတကယ်ချစ်လား jennie"
ခုံ​ပေါ်မှာ လက်ပိုက်လျက် ​ခြေ​ထောက်ချိတ်ထိုင်ထား​သော jisooအ​မေးကို  jennie​တော်​​တော်နှင့်မ​ဖြေ။

             "Jen အ​မေ ​မေး​နေတယ်​လေ " ​လေသံက ပိုမာထန်သွားသည်။

                 "အွန်း..သူ့ကိုချစ်တယ်"

Jenနှုတ်ဖျားမှ ခပ်ရှင်းရှင်းပဲထွက်လာသည့် ထိုစကားလုံးတို့အတွက်jisoo ရင်ဘတ်တစ်​နေရာတွင် ဆစ်ကနဲ​သောနာကျင်မှုမျိုး ရုတ်ချည်းရလိုက်သည်။

My mom lover is my sisterWhere stories live. Discover now