အိပ်ယာထက်တွင် ပျင်းရိစွာလဲလျောင်းနေသော Jen၊အလုပ်ပိတ်ရက်မို့ အစောကြီးထဖို့ သူမအနေနှင့် မဖြစ်နိုင်။
အပေါ်ထပ်သို့တက်လာသော ခြေသံကိုသူမနားစွင့်လိုက်သည်။မပြင်းသော မငြင်သာသော ခြေသံမျိုးကို တစ်အိမ်လုံးတွင်စုန်းမကြီး တစ်ယောက်သာ လျှောက်နိုင်သည်။ ခြေသံက သူမအခန်းနားတွင် ရပ်သွားသည်မို့ Jenတွေးတောချိန်မရပဲ စောင်ကိုတစ်ကိုယ်လုံးဖုံးသွားအောင် ခြုံပစ်လိုက်သည်။ဒီနေ့ နေ့လည်ထိ လုံးဝမထဘူး၊ငါ့ကိုနှိပ်စက်ထားတဲ့စုန်းမကြီးရေ..."Jen!!Jennie!! အသံက တိုးရာမှ ကျယ်၊ကျယ်ရာမှဟိန်းထွက်လာသည်။ တံခါးကိုခေါက်ရာမှ ဖွင့်လိုက်သည့်အသံ။ လခွမ်း!!ညက Ellaကြောင့် တံခါးကို လောခ့်မချမိဘူးပဲ။
"Jen!!ထတော့လေ မိုးလင်းနေပြီ" သိသားပဲမိုးလင်းတာကို။တမင်ကိုပေအိပ်ကာ မျက်လုံးတို့ကို မှိတ်ချလိုက်သည်။Jisoo အခန်းထဲကိုဝေ့ကြည့်လိုက်သည်။ သပ်သပ်ရပ်ရပ်နေတတ်သူမို့ ပွေပွရှုပ်ထားတာမျိုးလည်းမရှိတာမို့ အခန်းသန့်ရှင်းရေးအတွက် ဆူဖို့က မဖြစ်နိုင်။ ပါးစပ်ဖြင့် ခေါ်မရတော့ စောင်ကို လှမ်းဖယ်လိုက်သည်။"ဗုဒ္ဓေါ!!" Jisoo အယောင်ယောင်အမှားမှားနှင့် နောက်ဆုတ်မိသွားသည်။ ဒီကလေးမဘယ်တော့မှ Braဝတ်အိပ်မှာပါလိမ့်။နဖူးပေါ်သို့ ဆံပင်တို့က ရှုပ်ထွေးစွာ ကျလာသည်။ ဖောင်းမို့သောပါးတို့က ငယ်ငယ်ကလိုပင် မပြောင်းလဲ။ Jisooကကုတင်ဘေးတွင် တင်ပလွဲထိုင်လိုက်သည်။ အာရုံစိုက်ခံနေရသော Jenပစ္စည်းကို Jisooစောင်နှင့်ပြန်အုပ်ထားလိုက်သည်။ လောဘသတ်ထားမှမဟုတ်ရင် လောဘက ကိုယ့်ကိုပြန်သတ်နိုင်သည်။
"Jen....ထတော့..." ခန္ဓာကိုယ်ကို ဆောင့်ကာအခေါ်ခံလိုက်ရသည်မို့ Jenငြိမ်နေလို့မရတော့။ဟန်ဆောင်ပန်ဆောင် မျက်လုံးတို့ကို ဖြေးညင်းစွာ ဖွင့်ချလိုက်သည်။ တောက်ပသော Jisooမျက်နှာက အပြုံးရိပ်ကို သူမ ရိပ်ခနဲတွေ့လိုက်သည်။ ငါ့ကြည့်ပြီး ပြုံးလိုက်တာလားစုန်းမကြီးက
YOU ARE READING
My mom lover is my sister
Fantasyအိပ်မက်တို့က လှပသလောက် လက်တွေ့တည်ရှိမှုက အကျည်းတန်နေသလို ဘယ့်နှယ်... ကိုယ့်မွေးစားသမီးကိုမှ အပိုင်လိုချင်တယ်တဲ့လား