Jennieသည် တံခါးကို အသံမပေးပဲ ဖွင့်ဝင်လာသည်။ကလေးဆန်ဆန် အပြုအမူတစ်ချို့သည် Jisooရင်ထဲ ရှိုက်လာသည်။
"နင့်မား နေမကောင်းဘူးလား ခေါင်းကိုက်နေတာလား လာ...နှိပ်ပေးမယ်"
Jennieက ပြောပြောဆိုဆို Jisooနားသို့ကပ်လိုက်ပြီး သု့လက်ကလေးဖြင့် Jisoo၏နားထင်သို့ခပ်ဖွဖွလေး ပွတ်ပေးမည်ပြုစဥ်
Jisooသည် ထိုလက်ကလေးကို ဖြုတ်ချလိုက်သည်။"ရတယ် ငါနေကောင်းတယ်"
ဒါတွေက အလိမ်အညာတွေလို့ စိတ်ထဲအကြိမ်ကြိမ် ရွတ်နေလိုက်သည်။စိတ်ပူပန်နေသော jennieသည် ဖြုတ်ချခံလိုက်ရသည့် လက်ကို မမှုပဲ jisoo မျက်နှာလေးကို အနီးကပ်ကြည့်လိုက်ပြန်သည်။
"နေမကောင်းနေတာပဲ နင့်မားက မျက်လုံးတွေ ရဲနေတယ် ဆေးခန်းသွားပြရအောင် နင့်မား"
Jisooသည် မိမိအပေါ် ဂရုစိုက်လျက်ရှိသော jennieနှင့်မျက်နှာချင်းမဆိုင်ပဲ ရှောင်ဖယ် ရှောင်ဖယ်လုပ်နေသည်။
"နင့်မား ဘာဖြစ်နေတာလဲဟင် "
Jennieသည် jisooကိုအလွတ်မပေး။ဆေးခန်းသွားပြမည်ဆိုကာ လက်ကလေးလာကိုင်တော့ jisooကစိတ်နာနာနှင့် ထိုလက်ကလေးကိုဖြုတ်ချလိုက်သည်။
"Yarr Kim jisoo shi!! ဒီက ဘူဆန်ကပြန်လာလို့စိတ်မောရတဲ့အထဲ ရှင်ကပါ ဘယ်လိုဖြစ်နေတာလဲ ကလေးလည်းမဟုတ်ပဲ ဖြစ်တာကိုပြောမှပေါ့"
Jennie စိတ်မရှည်တော့။Jisooသည် အစောကမပြောရန်ဆုံးဖြတ်ထားသော်လည်း jen၏စကားတစ်ခွန်းကြောင့် သွေးတို့ဆူပွက်လာကာ ဒေါသမထိန်းနိုင်ပဲ jennieကို နောက်သို့တွန်းပစ်လိုက်ရင်း စိတ်ပျက်သည့်လေသံဖြင့်ပြောလိုက်သည်။
"ပြောချင်တာ နင်ကပင်ပန်းလာတယ်ပေါ့ ဘူဆန်မှာ ငါခိုင်းတဲ့အလုပ်ကို လုပ်ပြီး နင်ကအရမ်းကိုပင်ပန်းနေတယ်ပေါ့"
Jennie မျက်နှာကွက်ခနဲပျက်သွားပြီး ဘာမှမပြောနိုင်ပဲ အကြောင်သား ထိုနေရာမှာပင်ရပ်နေမိသည်။
YOU ARE READING
My mom lover is my sister
Fantasyအိပ်မက်တို့က လှပသလောက် လက်တွေ့တည်ရှိမှုက အကျည်းတန်နေသလို ဘယ့်နှယ်... ကိုယ့်မွေးစားသမီးကိုမှ အပိုင်လိုချင်တယ်တဲ့လား