"တရားရုံးက ဆင့်ခေါ်စာမပို့ခင် ကျွန်မကအမှုပြန်သိမ်းလိုက်မယ်နင့်မား"
တစ်ယောက်အိပ်ကုတင်ထက်တွင် jenတို့နှစ်ယောက် ပူးကပ်စွာအိပ်နေသည်။ဘေးအစွန်းနှစ်ဖက်တွင် အလွတ်ကြီးဖြစ်ပေမယ့် ကုတင်၏အလယ်၌သာ နေရာလပ်မရှိအောင် ကပ်သပ်လျက် အိပ်လိုက်ကြသည်။
"နောင်တရနေတာလား jen"
Jenက နင့်မားရင်ခွင်ထဲ တိုးဝင်လျက် ခါးလေးကိုကျစ်နေအောင်ဖက်ထားသည်။
ပြောင်းလဲခြင်းမရှိသောAppaရဲ့ ပုံရိပ်တစ်ချို့သည် jenမျက်လုံးမှိတ်တိုင်းပေါ်နေသည်ကိုတော့ နင့်မားကိုပြောမပြချင်။ခေါင်းလေးကိုဖြည်းညင်းစွာငြိမ့်ပြလျက် နင့်မားရင်ခွင်ထဲသို့တိုးကြပ်စွာဖက်တွယ်ပစ်လိုက်သည်။
"နင့်မားကိုဒီထပ်ပိုပြီး မနာကျင်စေချင်တော့ဘူး"
Jenအသံတို့ တိမ်ဝင်သွားသည်။နင့်မားက jenခေါင်းလေးအားဖွဖွလေးပွတ်သပ်လိုက်ပြီး
"ခရီးအဆုံးထိ လျှောက်ချင်ရင် နစ်ဝင်နေတဲ့ဆူးလေးတော့ ဖယ်ပစ်အုံးမှပေါ့ jen"
Jenက နင့်မားစကားကို မသိကျေးကျွန်ပြုလိုက်သည်။နင့်မားရင်ညွှန့်လေးပေါ် ဖြာကျနေသောဆံနွယ်တို့အား လက်မနှင့်လက်ညှိုး လေးသုံးကာ နူးညံ့စွာဖယ်ထုတ်လိုက်ပြီးနောက်အကြည့်ရွှန်းရွှန်းလေးနှင့်မြှူလိုက်သည်။
"ဒီတစ်ညကိုလေ.....နင့်မားနဲ့ပျော်ပျော်ကြီးနေပစ်ချင်တယ်နင့်မား..."
"မဖြစ်ပါဘူး "
နင့်မား ရဲ့ တိုတိုတုတ်တုတ်အငြင်းကြောင့် jenမျက်လုံးလေးဝိုင်းစက်သွားပြီးဖောင်းမို့သော မျက်ခွံတို့ကိုမှိတ်ချလိုက်သည့်ခဏတွင် မျက်ရည်တို့စီးကျသွားသည်။
"နင့်မားက ကျွန်မကိုမချစ်ဘူးမလား"
"ဟယ်..ဘာလို့အဲ့လိုထင်တာလဲ jenရဲ့ မချစ်ပဲနေမလားကွယ် အသက်ထပ်ချစ်လွန်းလို့ ရူးမတက်ကိုချစ်လွန်းလို့လေ "
YOU ARE READING
My mom lover is my sister
Fantasíaအိပ်မက်တို့က လှပသလောက် လက်တွေ့တည်ရှိမှုက အကျည်းတန်နေသလို ဘယ့်နှယ်... ကိုယ့်မွေးစားသမီးကိုမှ အပိုင်လိုချင်တယ်တဲ့လား