You look like the rest of my life💛
"မေ့သွားလို့? ”
". . ."
"မင်းအခုအဲ့တာ ပြောရမယ့်စကားလို့ထင်နေတာလား Xiao Luhan "
ဒေါသတွေထွက်ရလွန်းလို့ yifan အသားတွေပါတုန်ေနသည် ။
မျက်စိရှေ့က luhan ကတော့ မထုံတက်တေးနှင့် ဆူနေသည့်သူ့ကိုပင် သိပ်မကြည်ချင်နေသည့်အမူအယာတစ်ချို့နှင့် ။"ငါကျောင်းရှေ့မှာ စောင့်ခဲ့ရတာ ဘယ်နှစ်နာရီလို့ထင်လဲ ဟမ်?"
"ငါးနာရီဆို... hyung ကားပေါ်မှာတောက်လျှောက်ပြောလာတာ အိမ်ရောက်တဲ့အထိလဲမပြီးသေးဘူးလား "
"Xiao Luhan! "
"ကျွန့်တော့ကိုအဲ့လောက်တောင်မစောင့်ချင်ဘူးလား? ဂိမ်းဆိုင်ကထွက်လာတုန်းက ကျွန်ေတာ်မှားသွားမှန်း ပြန်တောင်းပန်ရမှန်း သေသေချာချာသိပေမယ့် အခုတော့ဘာကဘာမှန်းမသိတော့ဘူး "
"ဘာပြောတယ်?"
"ဟုတ်တယ်လေ အခုhyung ပုံစံကအဲ့လိုဖြစ်နေတယ် ...ဆူတာကဆူပါနားလည်တယ် ကျွန်တော်မှားလို့အဆူခံရတာ... ဒါပေမယ့် hyung အဲ့လိုအရမ်းserious ဖြစ်နေတာကို နားမလည်နိုင်ဘူး "
" လေးနာရီဆယ့်ငါးထဲကနေ မင်းကျောင်းရှေ့မှာငါစောင့်နေတာ... ငါးနာရီထိလဲမလာ ခြောက်နာရီထိလဲမလာ... ဖုန်းလဲဆက်မရနဲ့..."
"ဖုန်းကအားကုန်သွားတာဘယ်လိုလုပ်ရမလဲ သူ့ဘာသာသူအားမရှိနေပြီးပိတ်သွားတာလေ ကျွန်တော်ဘာလုပ်လို့ရမှာလဲ "
သူ့ စကားကိုဖြတ်ပြောပြီး အသံကုန်အော်လာသည့်အကောင်ပေါက်ကြောင့် Wu yifan ဒေါသစိတ်ကအစိုးမရတော့ ။ သူကဘာကောင်းတာလုပ်ထားလို့အော်နေရတာလဲ ဆိုသည့်အတွေးကပါဝင်လာချိန်တွင် အပြင်ကပြန်လာလာပြီးချင်း ရေသောက်မည်ဟုဆိုပြီး ရေထည့်၍ လက်ထဲကိုင်ထားကာ မသောက်ဖြစ်သေးသော ဖန်ခွက်ကဓားစာခံဖြစ်သွားသည် ။
ခွမ်းခနဲဆိုသောအသံနှင့်အတူ ဖန်စတွေရော ရေတွေပါ အိမ်၏မီးဖိုချောင်ကြမ်းပြင်တွင်ပြန့်ကြဲသွားသည် ။ ထိုအခါမှ ကြောင်ပေါက်စလေးတွေအတိုင်း စိတ်တိုပြပြီး ဝူးဝူးဝါးဝါးအော်ဟစ်နေသော xiao luhan တစ်ယောက် မျက်လုံးလေးအဝိုင်းသားနှင့်ငြိမ်ကျသွားသည် ။

YOU ARE READING
Sweet Lies
Fanfictionချိုမြိန်တဲ့အလိမ်အညာစကားတွေ မင်းကိုပြောမယ်❤ Cover photo by Xback-KHHK❤