Part-15

1.6K 221 63
                                    

"ဘယ်​​လောက်​မှမများမှန်းသိ​ပေမယ့်​ ဒါ​လေး​တော့လက်​ခံ​ပေးပါ "

မျက်​စိ​ရှေ့စာအိတ်​​လေး ထိုး​ပေးကာ မျက်​နှာငယ်​​လေးနဲ့​ပြောတာမို့ တင်းထား​သောမျက်​နှာကို​လျော့ချလိုက်​မိသည်​ ။ ဘာဘဲဖြစ်​ဖြစ်​ ကိုယ့်​အစ်​မသားဘဲမဟုတ်​လား ။ ကိုယ့်​တူလေးဆို​တော့လဲ သံ​ယောဇဉ်​ ကရှိ​ပေမယ့်​ သူမမှာလဲ သူမသား​လေး​ကျောင်းစားရိတ်​ရယ်​ အိမ်​အသုံးစားရိတ်​က ဖူလုံရုံ အ​ခြေအ​နေမို့ ​ခေါင်းလဲမညိမ့်​သာ ​ခေါင်းလဲမခါသာ ။

"ခြံအလုပ်​ကိုလဲ ကျွန်​​တော်​ဘဲလုပ်​ပါ့မယ်​ ရာသီစာအသီးနှံတင်​မဟုတ်​ဘဲ တစ်​နှစ်​ပတ်​လည်​လုံး ​ရောင်းလို့ရ​အောင်​ လုပ်​မှာမို့ ကျွန်​​တော်​ကို​နေစရာ​လေး...."

အသံတိုးတိုးနှင့်​ ​ခေါင်းငုံကာ မဝံမရဲ​ပြောသည်​မို့ မငြင်းရက်​​တော့ ။ အစကတစ်​ပတ်​​လောက်​​နေပြီးရင်​ ပြန်​ဟု​ပြောမလို​ပေမယ့်​ မ​ပြောရက်​​တော့တာမို့ ။

" ဂို​ထောင်​မှာ ​နေ​လေ အိမ်​​ပေါ်မှာကျ ဧည့်​သည်​​ဆောင်​သည်​လာရင်​ ​အခန်း​ပေးသုံးရမှာမို့ "

"​ကျေးဇူးတင်​ပါတယ်​ ​ဒေါ်​လေး "

" ဒါနဲ့ ​ကျောင်းကဆက်​မတက်​​တော့ဘူးလား ? "

". . ."

"မ​ဖြေချင်​လဲ မ​ဖြေနဲ့​ပေါ့ အခန်း​ပြောင်း​တော့ ပြီးရင်​ အခန်းပါရှင်းပြီး ​ရေပတ်​ဝတ်​နဲ့​ပြောင်​​နေ​အောင်​တိုက်​ထား​နော်​ ငါက​လေးေ​ကျာင်းသွားကြိုလိုက်​ဦးမယ်​ "

သက်​ပြင်းကိုအသာ ချလိုက်​မိရင်း luhan ပြုံးလိုက်​မိသည်​ ။ ​နေစရာ​တော့ရသွားတာ​ကြောင့်​ တစ်​ပူ​တော့ငြိမ်းသွားပြီ ဖြစ်​သည်​ ။ ​နောက်​ထပ်​ ​ဒေါ်​လေးမငြိုငြင်​​အောင်​ရယ်​ ဦး​လေးအမြင်​ကြည်​​အောင်​ရယ်​ ကြိုးကြိုးစားစား​နေဖို့ဘဲကျန်​​တော့သည်​ ။

Sweet Lies

ကားပါကင်​ထဲကား​ကွေ့ချပြီး ကားပါကင်​ထိုးကာ မှန်​က​နေတစ်​ဆင့်​ကြည့်​မိ​တော့ အရင်​လို ဟိုက​လေးရပ်​​စောင့်​​နေကြ​နေရာမှာ ဘယ်​သူမှရှိမ​နေ ။ ရင်​ထဲဟာ​နေတာလဲ ဟိုက​လေးအိမ်​ကထွက်​သွား ကတည်းက ။ ရုပ်​ပျက်​ဆင်းပျက်​နဲ့ တခြားသူ​တွေလို လွမ်း​ဆွေးတမ်းတ​နေတာမဟုတ်​​သော်​လဲ ကိုယ့်​ခံစားချက်​ကိုယ်​ဘဲသိသည်​ ။ ရင်​ထဲလှိုက်​​နေကာ အားနာတာ​တွေ​ရော ကိုယ့်​ကိုတစ်​ချက်​မတိုင်​ပင်​ဘဲလုပ်​ချင်​ရာလုပ်​သွားတာ​ကြောင့်​ ​ဒေါသထွက်​​နေတာ​ရော ။ ချစ်​တယ်​ဆိုပြီး အဲ့လိုလက်​လွှတ်​စပယ်​ ထားခဲ့လို့ရတာလား Xiao luhan ?။

Sweet LiesOnde histórias criam vida. Descubra agora