" ဒါဆို ရှင်ပြောချင်တာက သဘောတူပေးလိုက်ရမယ်လို့ပြောချင်တာလား "
"ခွင့်မပြုပေးဘဲနဲ့ အမွေဖြတ်မှာလား အဲ့တာဆို မင်းမွေးထားတဲ့သားအကြောင်းမင်းမသိတာလဲမဟုတ် "
"တားရမှာပေါ့ မသင့်တော်ဘူးလေ ဘယ်လိုနည်းနဲ့ဘဲဖစ်ဖြစ် တားရမှာပေါ့ "
"တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြတာက မသင့်တော်တာလား ဟန်နီ ။ မင်းနဲ့ ငါ့လိုမချစ်ဘဲ စီးပွားရေးအရ လက်ထပ် ကလေးတစ်ယောက်မွေးပြီးတာနဲ့ အခန်းခွဲနေ လုပ်ငန်းကိစ္စကလွဲ တေ့တေ့ဆိုင်ဆိုင်စကားမပြောဖြစ် မျက်နှာချင်းမဆိုင်ဖြစ်တာက သင့်တော်တာလား"
".........."
"ကိုယ်လေ သားကိုတော့ ကိုယ့်လိုမဖြစ်စေချင်ဘူးဟန်နီရယ် ...နွေးနွေးထွေးထွေးနဲ့ သူကချစ်ရင်း သူ့ကိုချစ်ပေးရင်း ပျော်တာမြင်ရရင်ကောင်းမှာဘဲ "
"မသိဘူး လုပ်ချင်သလိုသာလုပ်တော့ ပြီးရင် ကျွန်မကို အသုဘချဖို့ပါပြင်ထား"
စိတ်မကောင်းဖြစ်တာရယ် ဒေါသထွက်တာရယ် ပေါင်းပြီး စကားပါဆက်မပြောနိုင်တော့ ။ စာကြည့်ခန်းထဲမှ ထွက်ပြီး တံခါးကိုဝုန်းခနဲနေအောင့်ဆောင့်ပိတ်လိုက်သော်လဲ ရင်ထဲကအပူလုံးကတစ်ဆို့လျှက် ။ မွေးကတည်းက ရွှေလိုဥထားခဲ့ရသော ၊ မလိုအပ်ဘူးထင်၍ အရမ်းကြီးချစ်မပြ မျက်နှာသာမပေးခဲ့ပေမယ့် မိခင်တစ်ယောက်ရဲ့ သားအပေါ်ချစ်ခြင်းမေတ္တာတွေဟာ ရင်နှင့်လွယ်ကလေးမွေးဖူးမှ ကိုယ်ချင်းစာနိုင်ကြမည်သာဖြစ်သည် ။
စီးပွားရေးလောက၏ လူရိုသေရှင်ရိုသေ Wu group ရဲ့အုပ်စိုးသူ သူမခင်ပွန်းဖြစ်သူဟာ တခြားဖြစ်တည်မှုတွေအပေါ် အေးစက်ပြတ်သားနိုင်သော်လဲ
တစ်ဦးတည်းသော သွေးသား Wu Yifan ဆိုလျှင်တော့ တွန်းလှန်နိုင်စွမ်းမရှိ အရာရာလိုက်လျှောပြီး နွေးထွေးဖို့သာအသင့်ဖြစ်နေတက်သည် ။
ကိုယ့်သားသမီးမို့ အကောင်းဆုံးဖြစ်စေချင်သောစိတ်နဲ့ သူမ,ကြိုးစားခဲ့ သော်လဲ အရာမထင် ...
![](https://img.wattpad.com/cover/147902491-288-k498682.jpg)
VOUS LISEZ
Sweet Lies
Fanfictionချိုမြိန်တဲ့အလိမ်အညာစကားတွေ မင်းကိုပြောမယ်❤ Cover photo by Xback-KHHK❤