အလုပ်ကပြန်လာလာချင်း ကွန်ဒိုအောက်က ကားပါကင်ကိုရောက်တော့ ထုံးစံအတိုင်း သူ့ကိုစောင့်နေတဲ့အရိပ်ငယ်လေး ။ အရင်နေ့တွေက luhanကို တွေ့လိုက်ရလျှင် စိတ်ကြည်လင်ပြီး ပျော်ပေမယ့် ဒီနေ့တော့ သူမှာ ဒေါသတွေကတလိမ့်လိမ့် ။shopping mallတစ်ခုကိုပြန်ပြင်ဖို့ project အတွက် ပတ်ကြည့်နေရာမှ ကြက်ကြော်ဆိုင်မှာအလုပ်ဝင်လုပ်နေသော ထိုကလေး ။ ဆိုင်ကအရမ်းအကြီးကြီးမဟုတ်ဘဲအသေးစားလေးဆိုတော့ waiter လဲအများကြီးမရှိ luhanတစ်ယောက်တည်း ဟိုပြေးလိုက်ဒီပြေးလိုက်နှင့်အကုန်သိမ်းကြုံးကာလုပ်နေတာမြင်တော့ စိတ်ကတိုလာသည်။ ဟိုကောင်လေးကတော့ သူ့စိတ်အခြေအနေကိုမသိဘဲ သူ့ကားမြင်သည်နှင်အူလျားဖားလျား ပြေးလာကာ လက်ထဲမှ စာရွက်စာတမ်း ပေါင်းစုံကို သူ့လက်ထဲမှ ပြောင်းသယ်သွားပြီး အခန်းဆီသို့ အရင်တက်သွားသည် ။ အိပ်ပေါက်ဝရောက်လို့ ဖိနပ်ချွတ်ပြီး အိမ်ခန်းထဲဝင်တော့ မီးဖိုချောင်ထဲ ကောင်လေးက အလုပ်ရှုပ်နေပြီ ။
"hyung ထမင်းခူးထားပြီးပြီ ကျွန်တော်စာလုပ်လိုက်ဦးမယ် စားပြီးရင်ထားခဲ့နော် ပြီးမှလာသိမ်းမယ်"
အဝတ်အစားလဲပြီးပြန်ထွက်လာတော့ ထိုကောင်လေးက မီးဖိုချောင်ထဲမှထွက်ကာ သူ့အခန်းဆီသို့သွားရန်ပင်ခြေလှမ်းပြင်နေလေပြီ ။
" မင်းမစားဘူးလား"
"ကျွန်တော်က စားပြီးပြီ hyungရဲ့ ဒီနေ့ဗိုက်ဆာလို့စောစောစားလိုက်တယ် "
အမှန်က အချိန်ပိုင်းအလုပ်ကြက်ကြော်ကြော်ရင်းနဲ့မှ ညာဘက်လက်ကို ဆီပူလောင်သွားခြင်းဖြစ်သည် ။ hyungနဲ့သာထမင်းအတူစားလိုက်ရင် ဒဏ်ရာကိုမြင်ပြီး ဘာဖြစ်တာလဲ ဘာညာမေးရင် သူမလိမ်တက်ပုံမျိုးနဲ့ အချိန်ပိုင်းအလုပ် ဝင်လုပ်နေတာ သိသွားလောက်သည် ။ အဲ့တာကြောင့် မျက်နှာတောင်စေ့စေ့မကြည၊့်လုပ်စရာ ရှိတာလုပ်ပေးပြီးရင် အခန်းထဲဝင်နေမည် ။ hyung အခန်းထဲဝင်ပြီး အိပ်ပျော်သွားတာသေချာမှ ထမင်းထွက်စားမည်ဟု ကြိုတွေးထားခြင်းဖြစ်သည် ။
YOU ARE READING
Sweet Lies
Fanfictionချိုမြိန်တဲ့အလိမ်အညာစကားတွေ မင်းကိုပြောမယ်❤ Cover photo by Xback-KHHK❤