မီးရောင်စုံတွေ အဖွေးသားနဲ့ နာမည်ကြီး Brand ဆိုင်တစ်ခုဟာ luhan ကိုအနည်းငယ်တော့ ကြုံကြုံလေးဖြစ်သွားစေသည် ။ ကိုယ့်ဘာသာကိုယ်ဆိုရင် ဆိုင်ထဲဝင်ဖို့မပြောနဲ့ ဆိုင်ရှေ့မှာ မတ်တပ်ရပ်ဖို့ပင်စိတ်ကူး ရှိမည်မဟုတ် ။ အခုတော့ hyung အတွက်မွေးနေ့လက်ဆောင်ဆိုသောအသိတစ်ခုတည်းနှင့် ဆိုင်ထဲဝင်ချသွားလိုက်တာများ ခြေလှမ်းကျဲတွေနှင့် ။
စိတ်ရှိတဲ့အတိုင်းသာဆို နာရီဝယ်ပေးချင်ပေမယ့် ပိုက်ဆံကရှိမနေတာမို့ စိတ်အနဲငယ်လျှော့ကာ ယောက်ျားသုံး Walletလေးဝယ်ပေးဖို့ ပြင်ရသည်။ သူအချိန်ပိုင်းလုပ်ထားတဲ့ပိုက်ဆံတွေရယ် ၊ အဖေမဆုံးခင်ကတည်းက စုထားတဲ့ပိုက်ဆံတွေရယ် အားလုံးပေါင်းပြီး အိတ်သွန်ဖာမှောက်ကာ မျက်စိစုံမှိတ်ပြီးဝယ်ပစ်လိုက်သည် ။
"ဈေးကြီးပေးရတယ်ဆိုတာ အလကားတော့မဟုတ်ဘူးပဲ ပါကင်ကအစ မိုက်နေရောဘဲ "
BUSကားပေါ်မှာတစ်ယောက်တည်းရေရွတ်ရင်း လက်ထဲကလက်ဆောင်လေးကို သူမှာ အရိပ်တကြည့်ကြည့်။ ဒီကြားထဲ မွေးနေ့လက်ဆောင်ဆိုပြီးပေးလိုက်ရင် hyung ကသဘောကျလောက်မှာဆိုပြီး တွေးလိုက်မိရင် လူကြားသူကြားထဲတစ်ယောက်တည်းပြုံးနေမိကာ မျက်နှာပိုးကသတ်မရချင် ။
လက်ဆောင်ပေးရမယ်ဆိုပြီး တွေးမိတော့လဲပျော်သည် ။ လက်ဆောင်ရွေးနေရတုန်းလဲပျော်သည် ။ ပြီးတော့ သူပေးတဲ့ wallatကိုသုံးနေမည့် hyung ကိုစိတ်ကူးနဲ့တွေးမိရုံနှင့်လဲပျော်ရသည် ။
hyung မွေးနေ့ ကတစ်ပတ်ပင်မလိုတော့တာမို့ Cake ကောင်းကောင်းလုပ်ဖို့ လေ့ကျင့်ရဦးမည် ။နဂိုကတည်းကမီးဖိုချောင်နှင့်မစိမ်းတာရယ် မုန့်ဖုတ်ဖို့ ပစ္စည်းတွေက လွယ်လွယ်ကူကူ ဝယ်လို့ရနေတာမို့ အရမ်းကောင်းတာမျိုးမဟုတ်ရင်တောင် စားလို့ကောင်းမယ့် Cakeလောက်တော့သူလုပ်နိုင်မည်ထင်သည် ။ မွေးနေ့ရှင်ကဘယ်လို နေမည်မသိပေမယ့် သူကတော့ ရင်ခုန်စိတ်လှုပ်ရှားမှုပေါင်းစုံနှင့် ....
![](https://img.wattpad.com/cover/147902491-288-k498682.jpg)
YOU ARE READING
Sweet Lies
Fanfictionချိုမြိန်တဲ့အလိမ်အညာစကားတွေ မင်းကိုပြောမယ်❤ Cover photo by Xback-KHHK❤