ဖုန်းပြောနေရင်းနဲ့ ခပ်လှမ်းလှမ်းကနေ luhan ကိုငေးကြည့်မိတော့ သူ့ဘက်ကိုငေးနေသည် ။ တစ်ဖက်ကလဲ ဂျောင်မင်ယူက အကြောင်းမကြားဘဲအလုပ်မလာတာမို့ ဒေါသူပုန်ထ ကာပြောဆိုနေလေသည် ။ စိတ်တိုပြီးပြောမိပြောရာပြောနေတာမို့ မင်ယူအသံကိုနားထောင်ရတာကိုက အူမြူးဖို့ကောင်းနေသည် ။ တကယ်ပါဘဲ သူဋ္ဌေးက အတွင်းရေးမှူးဆီကနေအဆူခံရတာ သူ တစ်ယောက်ဘဲရှိမည်ထင်သည် ။
"နားမယ်ဆိုလဲ စောစောစီးစီးပြောပေါ့ အခုငါ့မှာဘယ်လောက်တောင် အလုပ်ရှုပ်လိုက်သလဲ "
"မနေ့ကငါမူးသွားတာရော ဘယ်သူ့ကြောင့်လဲ ...နင်သောက်ရမယ့်ဟာကိုပါသောက်ပေးနေရတာမို့ ငါ့မှာ ခေါင်းတောင်မထူနိုင်ဘူး ...ကျေးဇူးတင်တဲ့အနေနဲ့ ဒီနေ့ ကြည့်လုပ်လိုက် ဖုန်းလဲထပ်မဆက်နဲ့ ငါ dating လုပ်နေတယ် ဒါဘဲ "
ဖုန်းပြောပြီး luhan ဆီပြန်ပြေးကာ လမ်းပြန်လျှောက်ဖို့ပြင်ရသည် ... ကောင်လေးက ခုရက်ပိုင်းဘာလို့မှန်းမသိမျက်နှာသိပ်မကောင်းချင် ...အခုလဲ သူ့ကိုပြုံးပြနေပေမယ့်မျက်ဝန်းတွေကအသက်မပါ ...နေများမကောင်းလို့လား? အပြင်မှာအရမ်းဘဲအေးလို့လား ?
သူ့အနွေး ထည်ပေးဝတ်ထားတာမို့ luhanနဲ့ကအတော်ကြီးကာ လက်ဖျားလေးတွေတောင်မမြင်ရချင် ။တစ်ခါတစ်ခါလမ်းလျှောက်နေရင်းနဲ့ အမှတ်မထင်လက်ချင်းတိုက်မိသေးသည် ။ဒီလိုကြီးလမ်းလျှောက်နေတာမျိုးထက်စာရင် လက်လေးကိုင်လျှောက်ရင်ပိုကောင်းမလား ။ luhan ကတော့ တောင်ကြည့်မြောက်ကြည့်နဲ့ သူ့ကိုသတိပြုမိပုံမပေါ် ။
လက်ကိုဆွဲယူလိုက်တော့ သူ့လက်ဖဝါးထဲ လက်သေးသေးလေးက အံဝင်ဂွင်ကျပါလာသည် ။ ထို့အတူ အံသြပြီးမယုံနိုင်သလို မျက်ဝန်းလေးများနှင့် သူ့ကိုမော့ကြည့်နေသေးသည် ။ နွေးထေွးးသည် ။ လက်လေးတစ်ဖက်ကိုသာကိုင်ပြီး လမ်းလျှောက်ရမယ်ဆို ချယ်ရီပင်တန်းအဆုံးထိမဟုတ်ဘဲ ကမ္ဘာမြေ အဆုံးထိပါလမ်းလျှောက်နိုင်လိမ့်မည်ဟု သူတွေးမိလိုက်သည် ။ ဘယ်သူတွေဘဲ သူ့ဘေးနားရှိရှိ luhan ဘေးနားရှိနေတာနဲ့ မတူသလိုခံစားရသည် ။ ဒီလိုခံစားချက်အသစ်အဆန်းက ဘာပါလိမ့် ?
![](https://img.wattpad.com/cover/147902491-288-k498682.jpg)
ESTÁS LEYENDO
Sweet Lies
Fanficချိုမြိန်တဲ့အလိမ်အညာစကားတွေ မင်းကိုပြောမယ်❤ Cover photo by Xback-KHHK❤