part -5

1.4K 177 10
                                    

"Chanyeol"

". . ."

"Chanyeol"

". . ."

"Ya ..... Park Chanyeol"

" inn... ဘာလဲ..ဘာလဲ"

အိမ်​ကို​ရောက်​လာပြီး ​တောင်​ကြည့်​​မြောက်​ကြည့်​နဲ့ ဗိုက်​ဆာတယ်​ဆိုလို့​ခေါက်​ဆြွဲပုတ်​,ပြုတ်​​ကျွေးပြန်​​တော့လဲတို့တိတို့တိနဲ့ ဟုတ်​တိပတ်​တိ မစား ဟို​မွှေဒီ​မွှေလုပ်​ ​ခေါ်မကြား​အော်​မကြား ဖြစ်​​နေ​သော park chanyeolရယ်​ပါ​လေ ...

"ဘာဖြစ်​​နေတာလဲ ​မျောက်​အိုကြီးကျ​နေတာဘဲ ​ပြောစရာရှိလို့လား"

"အင်းရှိတယ်​ ဒါ​ပေမယ့်​​ပြောသင့်​မ​ပြောသင့်​စဉ်းစား​နေတာ"

"ဘာမို့လို့လဲ​ပြောစရာရှိတာ​ပြော"

"မ​နေ့က မင်းဘဲကြီးမင်းအိမ်​မှာအိပ်​တာလား ငါမနက်​​စော​စော အားကစားထလုပ်​ရင်း မင်းတို့ကို ကားနားမှာမြင်​လိုက်​လို့"

"မ​နေ့က အ​ဖေ့နှစ်​ပတ်​လည်​မို့ လာအိပ်​​ပေးတာ ဘာဖြစ်​လို့လဲ"

"ဟူး....."

Chanyeolက ​လေပူတစ်​ချက်​မသက်​သာသလိုမှုတ်​ထုပ်​သည်​ စားလက်​စ​ခေါက်​ဆွဲကိုလက်​စသက်​ကာ နဖူးကိုင်​လိုက်​​ခေါင်းကိုင်​လိုက်​နှင့်​ .....​ပြောသင့်​မ​ပြောသင့်​အ​တော်​ကိုစဉ်းစား​နေရသည့်​ပုံ...

"မင်းသူ့အ​ကြောင်းဘယ်​​လောက်​သိထားလဲ ....သူဘယ်​အိမ်​ကသားမှန်း​ရောသိလား"

မသိ ....သူအဲ့တာ​တွေဘာတစ်​ခုမှမသိ ...​မေးလဲဟို​ရှောင်​ဒီ​ရှောင်​နဲ့​ပြောမပြတဲ့ hyung​ကြောင့်​ တစ်​ခါက​နေနှစ်​ခါဆို​တော့မ​မေးချင်​​တော့ ..မ​မေးဖြစ်​​တော့ ..ခု chanyeolကို ဘယ်​လိုပြန်​​ပြောရင်​​ကောင်းမလဲသာ အ​သေအ​ကြေစဉ်းစားရ​တော့သည်​ ...​သေချာစဉ်းစားကြည့်​လိုက်​​တော့မှ hyungက သူ့အ​ကြောင်းခ​ရေစိတွင်းကျ ​ပြောပြလို့သိထား​ပေမယ့်​ သူက​တော့ hyungအ​ကြောင်းဘာတစ်​ခုမှ​သေ​သေချာချာမသိ​နေဘူးဆိုတာပါဘဲ ...

"ဘာဖြစ်​လို့လဲ chanyeolရဲ့ hyungကလူ​ကောင်းပါ"

"လူ​ကောင်းတာမ​ကောင်းတာကို​ပြော​နေတာမဟုတ်​ဘူး သူ့အ​ကြောင်းသိလားလို့​မေး​နေတာ"

Sweet LiesHikayelerin yaşadığı yer. Şimdi keşfedin