part -6

1.3K 173 8
                                    

ကားပါကင်​ထဲဝင်​ဝင်​ချင်းမြင်​လိုက်​ရတဲ့ အရိပ်​​လေး...
အေးလွန်းသည့်​ရာသီဥတု​ကြောင့်​ထင်​ ငုတ်​တုတ်​ထိုင်​ကာ အ​နွေးထည်​အထူကြီးဝတ်​ထား၍ လူလုံးမပေါ် အကျီပိသလိုဖြစ်​​နေတာ​တောင်​ နားရွက်​ဖျား​လေး​တွေရဲ​နေတာကိုခပ်​လှမ်းလှမ်းမှပင်​မြင်​ရသည်​...

တီ~တီ

အသိပေးသလို ဟွန်းနှစ်​ချက်​​လောက်​ဆင့်​တီး​လောက်​​တော့ ကားပါကင်​​က ကွန်​ကရစ်​​ပေါ် လက်​ညိုးနဲ့​တောင်​ခြစ်​​မြောက်​ခြစ်​လုပ်​​နေတဲ့​ကောင်​​လေးဟာ မျက်​လုံး​လေး​တွေဝိုင်းပြီးအသံကြားရာလှည့်​ကြည့်​လာ​လေသည်​...ပြီး​တော့ သူ့ကားမှန်းသိသည်​နှင့်​တပြိုင်​နက်​ ဖုတ်​ဖတ်​ခါကာ လွင့်​ခနဲ​နေ​အောင်​ သူ့ဆီ​ပြေးလာသည်​...

အိမ်​ပြန်​လာတဲ့အ​ဖေကို လာကြို​နေတဲ့က​လေး​သေး​သေး​လေးလိုမျိုး...

"အဟင်း ...ချစ်​ဖို့​ကောင်းသားဘဲ "

တကိုယ်​တည်း​ရေရွတ်​မိတဲ့စကားသံရယ်​...
ပြီး​တော့ ​ကော့တက်​သွားတဲ့နှုတ်​ခမ်း ​ထောင့်​စွန်း​တွေရယ်​ ...မလုံမလဲဖြစ်​ကာ မျက်​နှာအတင်းပြန်​တည်​မိ​တော့​မျောက်​​လောင်း​လေးက ကားနားပင်​​ရောက်​​နေ​ချေပြီ ...

"Hyung ဘာမုန့်​ပါလဲ "

"ဘာမှမပါဘူး အလုပ်​သွားလုပ်​တာ​လေ မုန့်​သွားဝယ်​တာမှမဟုတ်​တာ"

ဘာစကားမထပ်ထွက် ​မလာ​ပေမယ့် မျက်​စာင်းအထိုးခံလိုက်ရမှန်း​တော့ ​​​ သိသည်...​​​ကိုင်ထားတဲ့ ​လက်​ထဲက စာရွက်​စာတမ်းဖိုင်​ကို ဆွဲယူသွား​တော့ လက်​ဖျား​လေး​တွေ​က​အေးစက်​​နေ​လေသည်​ ...အပြင်​မှာဘယ်​​လောက်​​တောင်​​စောင့်​ထားသည်​မသိ နှာဖျား​လေး​တွေ​ရော ပါး​လေး​တွေပါရဲစပြု​နေ​လေပြီ ...

အင်း....​နောက်​​နေ့​​တွေတော့​စော​စောပြန်​ရမယ်​ ။

                       Sweet lies

အကျီလဲပြီးအခန်းထဲမှပြန်​ထွက်​လာ​တော့ ထမင်းစားပွဲ​ပေါ်မှာ ဟင်းချိုပူပူကအ​ငွေ့တစ်​​ထောင်း​ထောင်း...ဒါ့အပြင်​ထမင်းခူး​၊ ဇွန်း​တွေတူ​တွေကို​နေရာချခြင်းဖြင့်​ အလုပ်​ရှုပ်​​နေ​သော ထိုက​လေး...

Sweet LiesWhere stories live. Discover now