"အရမ်းမူးနေတာလား hyung ခဏလေးနော် ပျားရည်လေးသွားဖျော်လိုက်ဦးမယ် "
လှည့်ထွက်ဖို့ပြင်နေတဲ့ ကောင်လေးလက်ဖျားကိုလှမ်းဆွဲလိုက်တော့ သူ့ကိုပြန်ကြည့်လာသည် ။ ခုတင်ပေါ်က ခြေချထိုင်ပြီး တဖြည်းဖြည်း ဆွဲယူလိုက်တော့ luhan က အလိုက်သင့်ပါလာသည် ။
သူ့ဒူးနှစ်ဖက်ကြားထဲ ဝင်လာတဲ့ကိုယ်လုံးသေးသေးလေးကို ခါးကနေဆွဲယူပြီး ရင်ခွင်ထဲမျက်နှာအပ်ကာ သက်ပြင်းမောကို တစ်ချက်ချမိသည် ။
"ဘာလို့ ကိုယ်နဲ့လက်မထပ်ချင်ရတာလဲ ? မင်းဘဲအမြဲတမ်း ချစ်တယ်လို့ပြောခဲ့တာ မဟုတ်လားဟမ် ..အခုကြမှ ဘာလို့ငြင်းတာလဲ? "
"ကျွန်တော်တကယ်သိချင်နေတာ ရှိတယ် hyung ကျွန်တော့ကို ချစ်လား ? လက်ထပ်တယ်ဆိုတာက အချင်းချင်း ချစ်မှ လုပ်ရမယ်လို့ထင်တယ် ...အရင်ကလိုမျိုး သနားလို့ ဘေးနားနေမယ်ဆိုရင်တော့ ကျွန်တော် ငြင်းပါရစေ ...ကျွန်တော်လဲ ယောက်ျားလေးမို့လို့ တစ်စုံတစ်ယောက်ဆီက အကူအညီမပါလဲ ကောင်းကောင်းရပ်တည်နိုင်တယ် "
". . . "
"Hyung မဖြေနိင်တော့ပြန်ဘူး ...ချစ်တယ်ပြောမိတိုင်း hyung က အမြဲတမ်းအဲ့လိုဘဲ ........အဲ့တာတောင်ကျွန်တော်နဲ့လက်ထပ်မှာလား hyung ဘာတွေတွေးနေတာလဲ ကျွန်တော်တဂယ်နားမလည်တော့ဘူး "
မင်ယူ့ကတော့ အရက်ပုလင်းလိုက် အကျီပေါ်လောင်းချပေးကာ မူးချင်ယောင်ဆောင်ပြီး luhan ကိုအပိုင်သိမ်းဖို့ပြောပေမယ့် သူမလုပ်ရက် ။ ဘာမဟုတ်တဲ့ စကားလေးကိုတောင်အထအနကောက်ပြီး သူ့ကို မျက်နှာလွဲသွားတဲ့ luhan မို့ ခွင့်ပြုချက်မရှိဘဲ ကိုယ်ထိလက်ရောက် ထိပါးလိုက်မိလျှင် ရရှိလာမည့် အကျိုးဆက်ကိုသူမတွေးရဲ ။ luhan ငြိုငြင်မှာ စိတ်ပျက်မှာ သူသေမလောက်ကြောက်ပါသည် ။
Luhan ရင်ခွင်ထဲ ခေါင်းတိုးဝင်ထားတာမို့ မျက်နှာကိုမမြင်ရသော်လဲ အသက်ရှူသံတွေပြင်းထန်ပြီး နှလုံးခုန်သံ တွေမြန်နေတာကြောင့် Luhan ဘယ်လိုစိတ်အခြေအနေရှိနေမလဲဆိုတာ သူခန့်မှန်းလို့ရသွားသည် ။ ဒီကြားထဲluhanဆက်ဆံရေးက သူ့အပေါ်အေးစက်စက်နိုင်နေတာမို့ မချစ်များမချစ်တော့တာလားဟု စိတ်ပူမိသော်လဲ အဲ့လိုမဟုတ်သည့်အတွက် စိတ်သက်သာရာ ရသွားသည် ။

BINABASA MO ANG
Sweet Lies
Fanfictionချိုမြိန်တဲ့အလိမ်အညာစကားတွေ မင်းကိုပြောမယ်❤ Cover photo by Xback-KHHK❤