Part-17(​ပေါင်းစည်းခြင်း)

2K 246 82
                                    

" ဒါက တိုက်​ခန်းဖိုးပိုက်​ဆံ yifan hyung ..အ​ခုအကြွေး​ကြေပြီမို့လို့ ​အဲ့တိုက်​ခန်း​သော့ ပြန်​​ပေးပါ "

မျက်​စိ​ရှေ့က စားပွဲ​ပေါ်မှာ တင်​ထား​သော ဘဏ်​စာအုပ်​ ။ အဲ့​လောက်​ပိုက်​ဆံအများကြီးကို luhan ဘယ်​က​နေရလာတာလဲ ? ။ မထင်​မှတ်​ဘဲ​ပြောမိ​သောစကားကို အဲ့​ကောင်​​လေးအဲ့​လောက်​ထိ စိတ်​ထဲထည့်​​နေမှန်းမသိလိုက်​ ။ တစ်​အိမ်​ထဲ​နေပြီး သူ့ကို​ရှောင်​​နေ​ပေမယ့်​ အချိန်​တန်​​ပြေလည်​မှာပါဆိုပြီး​တွေးရင်းနဲ့ ​နေမိရာက​နေ ပိုက်​ဆံအများကြီးကိုပုံ​ပေးပြီး အ​ကြွေးပြန်​ဆပ်​ပါသည်​ဟု ​ပြော​နေတာ​ကြောင့်​ လူက ဘာပြန်ေ​ပြာရမှန်းမသိ​တော့ ။

" . . . "

" ကျန်​​သေးတဲ့ ပိုက်​ဆံကို တစ်​လတစ်​ခါ ဘဏ်​ထဲက​နေလွဲ​ပေးပါ့မယ်​ "

"​နေပါဦး ဒီ​လောက်​ပိုက်​ဆံအများကြီးဘယ်​ကရလာတာလဲ luhan "

" Chanyeol ဆီက​ချေးထားတာ "

မေးလိုက်​​တော့လဲအမှန်​အတိုင်းဖွင့်​​ပြောလာသည်​ ။ ​စိတ်​ဆိုးပြီး​ရှောင်​​နေ​ပေမယ့်​ အလုပ်​ကပြန်​လာတိုင်း ထမင်းစားပွဲကအသင့်​ဖြစ်​​နေသည်​ ။ အလုပ်​မသွားခင်​လဲ စားပွဲ​ပေါ် ပါမုန့်​မီးကင်​နဲ့ juiceတစ်​ခွက်​က​တော့ ​နေရာယူစမြဲ ။ အရင်​လို ကားပါကင်​မှာလာဆင်းမ​စောင့်​တာရယ်​ ထမင်းစားရင်​တစ်​​ယောက်​တည်းဖြစ်​သွားတာရယ်​ ကလွဲ luhan ကသူ့အ​ပေါ်လုပ်​စရာရှိတာ​တော့အကုန်​လုပ်​​ပေးမြဲဖစ်​သည်​ ။

"ပြီး​တော့ ကျွန်​​တော်​ ဟိုတိုက်​ခန်းမှာဘဲသွား​နေ​တော့မယ်​ yifan hyung.. ​ကျောင်းနဲ့လဲပိုနီးတာမို့လို့ "

တိုက်​ခန်းဝယ်​​ပေးမယ်​ဆိုပြီးကြည့်​ ကတည်းက ​ကျောင်းနဲ့လဲနီး တစ်​​ယောက်​တည်း​နေဖို့ မကျဉ်းမကျယ်​ ရပ်​ကွက်​သန့်​သန့်​ တိုက်​ခန်းကိုသူကိုယ်​တိုင်​​ရွေးချယ်​​ခဲ့တာဘဲဖစ်​သည်​ ။ မ​ပြောမဆိုနဲ့ ကိုယ့်​အိမ်​ကိုစ​ပြောင်းလာပြီး ကိုယ်​ခွင့်​ပြုပြုမပြုပြု အိမ်​​ပေါ်က​နေ အထုပ်​အပိုး​ပေါင်းစုံနဲ့ ထွက်​သွားဖို့ပြင်​​နေပြန်​​လေသည်​ ။ ဘာမှကို​ပြောချင်​စိတ်​မရှိ​တော့။ အခုတ​လော အလုပ်​ပင်​ပန်းရသည့်​ကြားထဲ luhan ကပါ အရင်​လိုမဟုတ်​​တော့တာမို့သူ့မှာ ​တော်​​တော်​မွန်းကျပ်​​နေရသည်​ ။ စိတ်​​လျော့လိုက်​ပြီး

Sweet LiesDonde viven las historias. Descúbrelo ahora