part-2

1.9K 189 20
                                    

"ဒီမ​တော်​တဆမှုက ​ကျောင်းသားအ​ဖေရဲ့​ပေါ့ဆမှုဖြစ်​တဲ့အတွက်​နစ်​နာ​ကြေးရဖို့ကမ​သေချာပါဘူး ​ဆေးရုံစားရိတ်​​တွေရယ်​ ဒီဈာပနအတွက်​ကုန်​ကျစားရိတ်​​တွေကို​တော့ compeny ဘက်​ကနားလည်​မှုနဲ့အကုန်​ထုတ်​​ပေးထားပါတယ်​"

လူတစ်​​ယောက်​လုံးဆုံးပါးသွားတာ​တောင်​ပိုက်​ဆံကိစ္စလာ​ပြော​နေ​သော ​ရှေ့​နေဆိုသူ၏စကားများလဲ သူ့နားထဲ မဝင်​တစ်​ချက်​ဝင်​တစ်​ချက်​ ...သူ့ကို​မွေးကတည်းကဆုံးပါးသွားသည့်​ မိခင်​ကိုယ်​စား အ​ဖေဟာ သူ့အ​ပေါ်တာဝန်​​ကျေ​သော ....အ​မေမရှိဘူးရယ်​လို့ခံစားပြီးဝမ်းမနဲရ​အောင်​ချစ်​​ပေးကြင်​နာ​ပေးဂရုစိုက်​​ပေး​သော လူတစ်​​ယောက်​ဖြစ်​သည်​.....အ​ဖေလိုတစ်​ဖုံအ​မေလိုတလှည့်​နှင့်​ ဘယ်​သူ့အကူအညီမှမပါဘဲ ပညာမတက်​​သောအ​ဖေဟာ သူ့ကိုလူလား​မြောက်​သည်​အထိ ပင်​ပင်​ပန်းပန်းပြုစု​စောင့်​​ရှောက်​ခဲ့သည်​....အ​ဖေမပင်​ပန်းရ​အောင်​သူကလဲ ​ကျောင်းတစ်​ဖက်​ အချိန်​ပိုင်းအလုပ်​တစ်​ဖက်​ဖြင့်​သားအဖနှစ်​​ယောက်​မရှိမရှားဘဝ​လေးဖြင့်​ တစ်​​ယောက်​တစ်​လှည့်​ပြန်​ကြည့်​ရင်း ရှင်​သန်​​နေခြင်းဖြစ်​သည်​....

အဲ့​နေ့ကသာအလုပ်​ပိတ်​ရက်​ကိုနားခိုင်းပြီးအိမ်​မှာသက်​​တောင့်​သက်​သာ​နေခိုင်းခဲ့ရင်​........

သူအချိန်​ပိုင်းအလုပ်​များများပိုလုပ်​ပြီး ပိုက်​ဆံသာပိုရှာခဲ့ရင်​.. .......

ဒါမှမဟုတ်​ အ​ဖေမသိ​အောင်​စုထားတဲ့ပိုက်​ဆံ​တွေရှိတဲ့အ​ကြောင်း တက္ကသိုလ်​တက်​ရန်​အ​ဖေစိတ်​ပူဖို့မလို​ကြောင်းကြို​ပြောထားမိရင်​.....

နောင်​တ​တွေရယ်​ ယူကြုံးမရဖြစ်​မှု​တွေရယ်​ ကိုယ့်​ကိုယ်​ကို အပြစ်​တင်​စိတ်​​တွေဟာ နှလုံးသားတစ်​ခုလုံးတ​မြေ့​မြေ့​လောင်​ကျွမ်းလျှက်​.....

အဲ့​နေ့ကမသာယာတဲ့ရာသီဥတုရယ်​.....
ဆင်းရဲတဲ့​အောက်​​ခြေလူတန်းစားမို့​ခြောက်​ကပ်​​နေတဲ့ နာ​ရေးတစ်​ခုရယ်​........
ဓာတ်​ပုံထဲက​နေ အပူအပင်​ကင်းကင်းပြုံးပြ​နေတဲ့လူတစ်​​ယောက်​ရယ်​ .....
ဓာတ်​ပုံထဲကပြုံးပြ​နေတဲ့သူ့အ​ဖေကို မျက်​ရည်​အဝဲသားနဲ့ ထိုင်​ကြည့်​​နေတဲ့ luhanရယ်​....
Luhan​နောက်​​ကျောပြင်​ကို ခပ်​လှမ်းလှမ်းက​နေ စိတ်မ​​ကောင်း​စွာရပ်​ကြည့်​​နေတဲ့ ​ကောင်​​လေးခပ်​​ချော​ချောတစ်​​ယောက်​ရယ်​........

Sweet LiesHikayelerin yaşadığı yer. Şimdi keşfedin