မနက်မိုးလင်း နေထွက်လာတာနဲ့ အကျင့်ပါနေသော မျက်လုံးက အလိုလိုပွင့်လာသည် ။ ခေါင်းကထိုးကိုက်နေတာ အဆက်မပြတ် ။ ဘာတွေဘယ်လိုဖြစ်သွားလဲအသိပေမယ့် ဝန်ထမ်းသစ်ကြိုဆိုပွဲမှာ ဝန်ထမ်းတွေတိုက်သမျှ သောက်မိလိုက်တာတော့မှတ်မိနေသည် ။ ထုံစံအတိုင်းမိုးလင်းလာလျှင် မီးဖိုချောင်ထဲက မနက်စာအတွက် ပြင်ဆင်သံ တွေက ကြားနေရသည်။
"luhan ရေတစ်ခွက်လောက် "
ရင်ပူနေတာမို့ ထိုကောင်လေးအလုပ်ရှုပ်နေတဲ့ မီးဖိုချောင်ထဲဝင်ပြီး ရေတောင်းသောက်မိသည် ။
"hyung နိုးလာပြီလား... ခုဘဲလာနှိုးတော့မလို့ အလုပ်သွားရမယ့်အချိန်ကနီးနေပြီ "
Luhan က စင်ပေါ်ကရေခွက်ကိုယူ ပြီးတော့ ရေနွေးနဲ့ ရေအေးနဲ့ကိုမျှအောင်စပ်ပေးပြီး သူ့ကိုရေခွက်လှမ်းပေးသည် ။ ရေအေးချည်းဘဲဆိုအရမ်းအေးနေမှာမို့ ရေနွေးနှင့်စပ်ကာ သောက်ရန်အနေတော်ကို လုပ်ပေးခြင်းဖြစ်သည် ။ ကိုယ်ကသာ တစ်ခါတလေ မအားတာရယ် အယောင်ဆောင် သမီးရည်းစားဟု တွေးထားတာမို့ အချိန်မပေးဖြစ် ဂရုမစိုက်ပေမယ့် သူကတော့ ကိုယ့်ကိုဆို အသေးစိတ်ကအစ ဂရုတစိုက်နဲ့မို့ နဲနဲတော့ အားနာသွားရသည် ။
"hyung ရေအရင်ချိုးမလား မနက်စာအရင်စားမလား ?"
"ရေအရင်ချိုးလိုက်ဦးမယ် စောင့်နေဦးနော် မနက်စာအတူစားမယ်... ဒါနဲ့ညက ငါဘယ်လိုအိမ်ပြန်ရောက်လာတာလဲ ဒါရိုက်ဘာကင်လိုက်ပို့တာလား "
"ဒါရိုက်ဘာဦးလေးကြီးရယ် အစ်မ တစ်ယောက်ရယ် hyung "
"ပြီးတော့လေ ရေခဲမုန့်နဲ့ pizzaက ဝင်ဝယ်မလို့ကို အဲ့လိုတွေဖြစ်သွားတာ.... တောင်းပန်ပါတယ် စောင့်နေသေးလား"
"Hyung ကလဲ ဘာမှမဟုတ်တာကိုခေါင်းထဲထည့်နေသေးတယ် ...ကျွန်တော်လဲ ညက Chanyeolနဲ့ အကင်သွားစားလို့ နောက်ကျမှပြန်ရောက်တာ.. ကျွန်တော် လဲပြန်ရောက်ပြီးခဏအကြာ hyungလဲမူးပြီးပြန်ရောက်လာတာဘဲ "

VOUS LISEZ
Sweet Lies
Fanfictionချိုမြိန်တဲ့အလိမ်အညာစကားတွေ မင်းကိုပြောမယ်❤ Cover photo by Xback-KHHK❤