"ဘယ်လိုလဲ သူဋ္ဌေးသားကိုအပိုင်ကိုင်ပြီး လူချမ်းသာလုပ်ရတာ ? စိတ်ဝင်စားဖို့ကောင်းလား?"
"Luhan ထတော့ ပြန်မယ် "
" hyung ....."
"ပြန်မယ်လို့ အဲ့လိုစကားတွေ နားထောင်ရဖို့ ဒီကိုလာခဲ့တာမဟုတ်ဘူး ပြန်မယ် ထ "
လက်ထပ်ပြီး ရက်တော်တော်ကြာမှ အိမ်ကို သမက်လားချွေးမလား ဘယ်လိုခေါ်ရမည်မသိသော ကောင်လေးကိုလက်ဆွဲပြီးသားတော်မောင်က ရောက်လာလေသည် ။ အစကတည်းကသူ့သဘောတူညီချက်မပါသည့် ပေါင်းစည်းခြင်းမို့ ထွက်မတွေ့ဖို့ထိ စဉ်းစားထားသော်လည်း ယောက်ျားဖြစ်သူက အတန်တန် ပြေပြေလည်လည်ဆက်ဆံပေးဖို့ နားချထားတာမို့ ။ ဒါပေမယ့်လဲ သားဖြစ်သူကိုနှမြောသည့်စိတ်ကြောင့် သားဖြစ်သူဘေးက ကလေးကိုဘဲ သူမ စကားနာထိုးမိတော့သည် ။
အပြောခံရသည့် luhan ကဘာမှဖြစ်ပုံမရဘဲ သားဖြစ်သူကသာ စားပွဲပေါ်က ကားသော့ကောက်ဆွဲပီး ထိုကောင်လေး၏လက်ကိုဆွဲကာ ပြန်မယ်ဆိုပြီး ဆိုင်းပြင်းနေလေသည် ။
"Hyung ပြန်ထိုင်လိုက် ယဉ်ကျေးမှု မရှိလူကြီးရှေ့မှာ ဘာလုပ်တာလဲ "
ရှိရှိသမျှ ဘုရားတို့သာ သူမ တမိရတော့သည်။ ဘယ်နှယ့် သူမသားဖြစ်သော တစ်မိုးအောက်တစ်ယောက် Wu Yifan မှာ ထိုကောင်လေးအကြည့်တစ်ချက်ဝင့်လိုက်ရုံ ၊ ဆူပူသလိုအပြောအဆိုအောက်မှာ ထိုင်လက်စဆိုဖာပေါ် ပြန်ထိုင်သွားပြီး ကားသော့တွေကိုပါစားပွဲပေါ် ပြန်တင်လိုက်တာကြောင့် ။
ပြုစုစောင့်ရှောက် ခဲ့ရသမျှကာလပတ်လုံး ကလန်ကဆန်လုပ်တာမျိုးမိုက်ရိုင်းတာမျိုး မရှိပေမယ့် Wu Yifanဟာ စကားနားမထောင်ဘဲ သူစိတ်ထင်ရာလုပ်တက်သောကလေးမျိုးဖြစ်သည် ။ ယခုလိုမျိုး ပုံစံက မမြင်တွေ့ခဲ့ဖူးတာမို့ သူမမှာ အံသြတကြီး ။
သူမတင်မဟုတ် သူမခင်ပွန်းဖြစ်သူမှာလဲ သူ့သားဖြစ်သူကိုနိုင်တဲ့လူပေါ်လာတာမို့ သဘောကျကာ ရယ်ချင်စိတ်ကိုမနည်းထိန်းနေရသည့် ပုံစံ ။
ESTÁS LEYENDO
Sweet Lies
Fanficချိုမြိန်တဲ့အလိမ်အညာစကားတွေ မင်းကိုပြောမယ်❤ Cover photo by Xback-KHHK❤